ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ကြောင်း UEC အတည်ပြုကြေညာ

10-11-2020-yyl-013.jpg

ရန်ကုန် နိုဝင်ဘာ ၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အတည်ပြု ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းအဖြစ် ဝင်ရောက် ယှဥ◌်ပြိုင်ခဲ့ရာမှာ ခိုင်လုံမဲ ၆၄၉၀၀ ကျော်ရရှိပြီး ၈၃.၈၃ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့တာဖြစ်တဲ့တွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈၆၀၀ ကျော်ရှိတဲ့အနက် ၇၉၁၀၀ ကျော်က ဆန္ဒမဲပေးခဲ့ကြပြီးတော့ ခိုင်လုံမဲ ၇၇၄၀၀ ကျော်ရရှိခဲ့ပါတယ်။ အဲဒီခိုင်လုံမဲတွေအနက် ဒေါ်အောင်ဆန်းစုကြည်ဟာ ခိုင်လုံမဲ ၆၄၉၀၀ ကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ အတည်ပြုကြေညာချက်အရ NLD ပါတီဟာ ရန်ကုန်တိုင်း အတွင်းမှာ ပြည်သူလွှတ်တော်မဲဆန္ဒနယ် ၇ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ အနိုင်ရရှိထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ ကိုကိုကျွန်းမြို့နယ်ရဲ့ ပြည်သူလွှတ်တော်မဲဆန္ဒနယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၂ နေရာတို့မှာ အနိုင်ရရှိထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top