လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အင်ဒိုနီးရှားလူမှုဝန်ထမ်းဝန်ကြီးရဲ့နေအိမ်ကို ရှာဖွေရာမှာ ရူပီး ၁၄.၅ ဘီလျံကျော် တွေ့ရှိ

11-12-2020-yyl-019.jpg

ကိုဗစ်-၁၉ ကပ်ရောဂါဒဏ် ခံစားနေရသူတွေအတွက် စားနပ်ရိက္ခာ ဝေငှပေးရာမှာ လာဘ်စားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အင်ဒိုနီးရှားနိုင်ငံ လူမှုဝန်ထမ်းဝန်ကြီးကို ဖမ်းဆီးထားပါတယ်။ စားနပ်ရိက္ခာထုပ်တွေ ဝေပေးဖို့ ကန်ထရိုက် ၂ ယောက်ကို လုပ်ငန်းအပ်နှံရာမှာ လူမှုဝန်ထမ်းဝန်ကြီး ဘာတူဘာရာက စားနပ်ရိက္ခာထုပ် တစ်ထုပ်စီအတွက် ရူပီး ၁၀၀၀၀ ( အမေရိကန်ဒေါ်လာ ဝ.၇၁ ဒေါ်လာ) လာဘ်စားခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့စနေနေ့မှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်တိုက်ဖျက်ရေး အေးဂျင့်တွေက ဘာတူဘူရာရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ လက်ဆွဲအိတ်တွေ၊ တခြားအိတ်တွေထဲ ထည့်ထားတဲ့ ရူပီး ၁၄.၅ ဘီလျံကျော် ( အမေရိကန်ဒေါ်လာ တစ်သန်း) တွေ့ရှိခဲ့ပါတယ်။ အဲဒီစီးနင်းရှာဖွေမှုမှာ သံသယရှိသူ ၄ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဘာတူဘူရာက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။ ဘာတူဘူရာအနေနဲ့ လာဘ်စားတယ်လို့ စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရပြီး ရူပီးတစ်ဘီလျံ ဒဏ်ငွေပေးဆောင်ရမှာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top