၉၄ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့ Moderna ကာကွယ်ဆေးကို အမေရိကန် FDA ခွင့်ပြုပေးဖွယ် ရှိနေ

16-12-2020-yyl01.jpg

Moderna ကုမ္ပဏီရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးက ဘေးဥပဒ်ကင်းရှင်းပြီး ၉၄.၁ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)က ပြောပါတယ်။ ဒီဆေးကို အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ပေးဖွယ်ရှိနေပြီး အမေရိကန်နိုင်ငံမှာ ခွင့်ပြုချက်ရရှိတဲ့ ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဖြစ်လာဖွယ်ရှိပါတယ်။

အမေရိကန်နိုင်ငံတစ်ဝန်းမှာ Pfizer-BioNTech ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုတွေလုပ်ပြီး တစ်ရက်အကြာမှာပဲ အမေရိကန် (FDA)က အခုလို ‌ပြောခဲ့တာပါ။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၃ သိန်းကျော် ရှိလာခဲ့ပါပြီ။

အရေးပေါ်အသုံးပြုခွင့် ပေးသင့်၊ မပေးသင့်အတွက် FDA အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးပွဲမတိုင်ခင် ၂ ရက်အလိုမှာ FDA ရဲ့ သိပ္ပံပညာရှင်တွေက Moderna ကာကွယ်ဆေးရဲ့ အာနိသင်ထက်မြက်မှုနဲ့ ဘေးဥပဒ်ကင်းရှင်းမှုကို ထောက်ခံခဲ့တာပါ။ လာမယ့်ကြာသပတေးနေ့မှာ FDA အဖွဲ့ဝင်တွေက မဲခွဲဆုံးဖြတ် အတည်ပြုပေးသလို FDA အကြီးအကဲကလည်း ခွင့်ပြုပေးတယ်ဆိုရင်တော့ Moderna ကာကွယ်ဆေးတွေကို ၂၄ နာရီအတွင်း ဖြန့်ဖြူးသွားမှာပါ။

စေတနာ့ဝန်ထမ်း ၃၀၀၀၀ ပါဝင်တဲ့ Moderna ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုရလဒ်တွေအရ အများဆုံးတွေ့ရှိရတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ အဆစ်အမြစ်နာကျင်တာတွေ ဖြစ်လေ့ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ထိုးနှံခွင့်ပြုထားတဲ့ Pfizer ကာကွယ်ဆေးဟာ အပူချိန် (-၇၀) ဒီဂရီဆဲလ်စီးယက်မှာ သိုလှောင်ထားရပေမဲ့ Moderna ကာကွယ်ဆေးကတော့ (-၂၀) ဒီဂရီဆဲလ်စီးယက်မှာ သိုလှောင်နိုင်ပါတယ်။

Ref: BBC ” Moderna vaccine safe and effective, say US experts”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top