ပြီးခဲ့တဲ့ ကြာသာပတေးနေ့က မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂွေရို (Sergio Aguero) ဟာ ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ မန်စီးတီးအသင်းပရိသတ်ကလေးငယ်တစ်ဦးကို သူ့ရဲ့နေအိမ်ဆီအလည်အပတ်ဖိတ်ခေါ်ခဲ့ပါတယ်။ သူကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ မန်စီးတီးဂျာစီအင်္ကျီနဲ့
ဘောလုံးဖိနပ်တွေကို ကလေးငယ်လေးအတွက် အမှတ်တရလက်ဆောင်ပေးပြီး ပျော်ရွှင်စရာအချိန်တွေဖန်တီးပေးခဲ့တယ် လို့ ဒေးလီးမေးသတင်းစာ (Daily Mail) က ဖော်ပြခဲ့ပါတယ်။
မန်စီးတီးပရိသတ်ကလေးငယ်လေးဟာ အသက်ဆယ်နှစ်အရွယ်သာရှိသေးပြီး အင်မတန်ရှားပါးတဲ့ ရောဂါခံစားနေရတာပါ။ လည်ပင်းမှာရှိတဲ့ ကင်ဆာအကျိတ်အတွက် ကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။ Neurofibromatosis ရောဂါလို့ခေါ်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောတွေမှာ အကျိတ်တွေ တစ်ခုပြီးတစ်ခုပေါက်နေတာမျိုးပါ။ ဦးနှောက်ထဲမှာလည်း ခွဲစိတ်လို့မရတဲ့ အကျိတ်တစ်ခုပေါက်နေပါသေးတယ်။
သူ့ရဲ့ဟီးရိုးကြီး အဂွယ်ရိုရဲ့ကြင်နာဖေးမမှုကြောင့် ပြင်းထန်စွာခံစားနေရတဲ့ ဝေဒနာဆိုးကို ခဏတာ လျစ်လျူရှု မေ့လျော့နိုင်ခဲ့ပြီး အပျော်ကြီး ပျော်ရွှင်နေခဲ့တဲ့ ကလေးငယ်လေး ဖွိုင်း (Foy) ကို မြင်တွေ့ကြမှာပါ။
အဂွယ်ရိုဟာ ကလေးငယ်လေးကို အိမ်ကိုဖိတ်ေခါ်ပြီး သူ့ကစားသမားဘဝဆုတံဆိပ်တွေ ပြသခဲ့သလို လက်ဆောင်တွေပေးခဲ့တဲ့အပြင်ကို ကလေးရဲ့မိသားစုနဲ့လည်း အတူတကွ ဓာတ်ပုံတွေရိုက်ပေးခဲ့တာပါ။ ဒါကြောင့် ဝေဒနာသည် ကလေးငယ်လေးအတွက် တစ်သက်မမေ့နိုင်စရာ အမှတ်တရဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
Ref: dailymail “Sergio Aguero invites 10-year-old cancer-stricken Manchester City fan and his family into his house and gifts him a pair of signed football boots”
AI(ရိုးရာလေး)