ရိုးသားမှုဟာ ဆယ်သက်စားမကုန်ဘူးတဲ့။ ဒီလို ဆိုရိုးရှိတယ်။ ဒီစကားကို သက်သေပြခဲ့သူက အိမ်ရာမဲ့အမျိုးသား ဘီလီရေးဟာရစ်။ ကန်းဆက်မြို့က လမ်းထောင့်တစ်နေရာမှာ သူက ခွက်ကလေး ချပြီး ပိုက်ဆံတောင်းတယ်။ ” အကြွေလေးများပါရင် စွန့်ကြဲခဲ့ပါပေါ့”
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထဲက တစ်ရက်မှာတော့ သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေတဲ့ဖြစ်ရပ်တစ်ခု ကြုံတယ်။ ဆာရာဒါလင်ဆိုတဲ့ အမျိုးသမီးက သူ့ရှေ့ကနေ ဖြတ်သွားရင်း ဘီလီရေးဟာရစ်ရဲ့ အလှူခံခွက်ထဲကို အကြွေထည့်လိုက်တာ သူ့လက်က စေ့စပ်လက်စွပ်ပါ ကျွတ်ပြီး ခွက်ထဲ ကျသွားတယ်။ သူ့လက်စွပ်ကျွတ်သွားတာကို ဆာရာဒါလင်က မသိဘူး။ ဒီလက်စွပ်ကို ရောင်းလိုက်ရင် ဒေါ်လာ ၄၀၀၀ လောက် ရနိုင်တယ်။
ငွေဆင်းရဲပေမဲ့ စာရိတ္တမဆင်းရဲတဲ့ ဘီလီရေးဟာရစ်က လက်စွပ်ကို ရောင်းမစားခဲ့ဘူး။ ပိုင်ရှင်အမျိုးသမီးကို ပြန်ပေးခဲ့တယ်။ ဘီလီရေးဟာရစ်ရဲ့ ရိုးသားမှုကို တုံ့ပြန်ဖို့ ဆာရာဒါလင်တို့ စုံတွဲက သူ့အတွက် ရန်ပုံငွေစာမျက်နှာတစ်ခု ဖွင့်လှစ်ခဲ့တယ်။ ဒေါ်လာ ၁၀၀၀ လောက် ရရင်လည်း မဆိုးဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။
ဘီလီရေးဟာရစ်ရဲ့ ရိုးသားမှုသတင်း ပျံ့နှံ့သွားချိန်မှာ အလှူငွေတွေ တဖွဲဖွဲ ဝင်လာလိုက်တာ ၃ လလောက်အတွင်း ဒေါ်လာ ၁၉၀၀၀၀ လောက် ရသွားတယ်။ အဲဒီနောက်မှာ ဘီလီရေးဟာရစ်က ကားပိုင်၊ အိမ်ပိုင်နဲ့ နေနိုင်တဲ့ဘဝ ဖြစ်သွားတော့တာပဲ။ ရိုးသားမှုဟာ တကယ်ပဲ တစ်သက်စားမကုန်ခဲ့တာပါ။
Ref:Man who returned ring no longer homeless: ‘I feel human now’
Team (ရိုးရာလေး)