ဟောလိဝုဒ်မင်းသား ဗင်ဒင်ဇယ်နဲ့တူအောင် သူ့လိုမျိုးဝတ်စားဆင်ယင်လာခဲ့တဲ့ ထိုင်းအမျိုးသား

6.2.2023-image-11.jpg

ထိုင်းအမျိုးသားတစ်ဦးဟာ ဟောလိဝုဒ်မင်းသား ဗင်ဒင်ဇယ်နဲ့တူတဲ့အတွက် သူ့ရဲ့ဓာတ်ပုံတစ်ပုံက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီလိုစပြီးပျံ့နှံ့ခဲ့တာက၂၀၁၉ ခုနှစ်ကပါ။ ကားထဲမှာ အဖြူရောင်တီရှပ်နဲ့ လက်ဝါးကပ်တိုင်ပုံဆွဲကြိုးတွေ ဝတ်ဆင်ပြီး ရိုက်ထားတဲ့ပုံပါ။ အဲဒီပုံစံက Fast & Furious ဇာတ်ကားမှာ ဇာတ်ကောင် ဒိုမီနစ် တိုရက်တိုအဖြစ် ဗင်ဒင်ဇယ် ဝတ်ဆင်ခဲ့သလိုမျိုးပါပဲ။

ဓာတ်ပုံကို ဘာစာသားမှ မရေးဘဲ တင်ခဲ့ပေမဲ့ ဗင်ဒင်ဇယ်နဲ့ တူတဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။ ဗင်ဒင်ဇယ်နဲ့တူတဲ့ အမျိုးသားက အသက် ၃၈ နှစ်အရွယ် အာတစ် ဒူအန်စရီဖြစ်ပြီး ချင်းရိုင်မြို့မှာ နေထိုင်ပါတယ်။ သူဟာ တီးဝိုင်းတစ်ခုအတွက် အကသမားတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အစက သူဟာ ဆံပင်ရှည်နဲ့ပါ။ သူ ဆံပင်စည်းထားတဲ့အချိန် လူတစ်ယောက်က သူ့ကို ဗင်ဒင်ဇယ်နဲ့ တူတယ်လို့ နှိုင်းပြောခဲ့ရတဲ့အခါမှာ သူ့ရဲ့ဆံပင်တွေကို ရိတ်ပစ်ခဲ့တာပါ။ သူ့အိုင်ဒေါနဲ့ တူအောင်လုပ်ဖို့အတွက် သူ့ခန္ဓာကိုယ်ကို ကျစ်လျစ်တောင့်တင်းအောင် လုပ်ခဲ့ပါတယ်။

ဖေ့စ်ဘွတ်မှာ သူ Work out လုပ်တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ တင်တဲ့အပြင် သူ တင်ထားတဲ့ ဓာတ်ပုံတော်တော်များများက ဗင်ဒင်ဇယ်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ချီးကျူးပြောဆိုထားတွေပါ။ သူဟာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံစိုက်မှုရရှိထားပြီး သူ့ကို “The Thai Vin Diesel” လို့ မကြာခဏ ခေါ်ဆိုကြပါတယ်။

အာတစ်က သူ့ရဲ့အိုင်ဒေါနဲ့တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေတာပါ။ သူနဲ့ ဗင်ဒင်ဇယ် တွေ့ဆုံခဲ့မယ်ဆိုရင် ချက်ချင်း ပွေ့ဖက်ပြီး “I Love You” လို့ ပြောဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

Ref: Man in Thailand looks just like Vin Diesel, has been dressing like him for years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top