တစ်ခါတုန်းက ဆင်တစ်ကောင်ဟာ မြစ်ထဲမှာ ရေချိုးဆင်းပြီး သူ့လမ်းအတိုင်း လျှောက်လာရင်း လမ်းမှာ ဝက်တစ်ကောင်နဲ့ ဆုံတယ်။ ဝက်က တစ်ကိုယ်လုံးလည်း ရွှံ့တွေ ပေကျံလို့ပေါ့။ ဝက်ကို မြင်တော့ ဆင်က လမ်းဘေးကပ်ပြီး တိမ်းရှောင်ပေးလိုက်တယ်။ ဝက်ကလည်း သူ့ကိုယ်သူ အထင်ကြီးသွားတာပေါ့။
” ငါ့ခန္ဓာကိုယ် ဘယ်လောက်ကြီးထွားလဲဆိုတော့ ဆင်ကတောင် ငါ့ကို ကြောက်လို့ လမ်းရှောင်ပေးရတယ်ကွ” လို့ သူ့အဖော် ဝက်တွေကို ပြန်ပြောပါသတဲ့။ ဒီစကားကို ကြားတဲ့ ဆင်တွေက မခံချင်ကြဘူး။ ” မင်းက ဘာလို့ ဝက်ကို လမ်းရှောင်ပေးရတာတုန်း၊ မင်း ဝက်ကို ကြောက်လို့လား” ဆိုပြီး မြစ်ထဲ ရေချိုးဆင်းတဲ့ ဆင်ကို မေးကြတာပေါ့။
” အဲဒီဝက်ကို ငါ့ခြေထောက်နဲ့ တစ်ချက်တည်း နင်းသတ်လို့ ရတယ်။ ဒါပေမဲ့ ငါ့ကိုယ်က သန့်ရှင်းနေတာလေ၊ ဝက်က ညစ်ပတ်စုတ်ပြတ်နေတာပဲ။ သူ့ကို နင်းသတ်လိုက်ရင် ငါ့ခြေထောက် ရွှံ့ပေသွားမှာပေါ့။ ငါ ရွှံ့ပေ မခံနိုင်ဘူး။ အဲဒါကြောင့် ရှောင်ပေးလိုက်တာ”
ဒီပုံပြင်က ပေးတဲ့ သင်ခန်းစာကတော့ အရာရာတိုင်းကို တုံ့ပြန်နေရင် ရွှံ့ပေနိုင်တယ်(ကိုယ့်စိတ်ပါ ညစ်နွမ်းသွားနိုင်တယ်။) ရွှံ့ပေ မခံချင်ရင်တော့ ဆင်လို လမ်းရှောင်ပေးလိုက်ဖို့ပါပဲ။
Ref: The Elephant and a pig
NZ ( ရိုးရာလေး)