ဒီဇင်ဘာ (၁၁) မှာ တရားဝင် မိတ်ဆက်ပေးတော့မယ့် ASUS ရဲ့ Zenfone Max M2 နဲ့ Zenfone Max pro M2

1543817000-Asus_Zenfone_Max_Pro_M2-teaser.jpg

ASUS ရဲ့ နောက်ဆုံးထွက် Zenfone Max M2 နဲ့ Zenfone Max pro M2 ဖုန်းမော်ဒယ်အသစ်နှစ်မျိုးကို လာမယ့် ဒီဇင်ဘာ (၁၁) နေ့ကျရင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တရားဝင် မိတ်ဆက်ပေးသွားတော့မှာပါ။

မိတ်ဆက်ပွဲမတိုင်ခင်မှာ ထွက်ပေါ်လာခဲ့တဲ့ ဖုန်းမော်ဒယ် အသစ်တွေရဲ့ အချက်အလက်တွေကို ကြိုတင်လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာပြင်အရွယ် 6.3 လက်မရှိတဲ့ Zenfone Max m2 မှာ HD+ (720×1520 pixels) LCD display ကိုအသုံးပြုထားကာ 19:9 aspect ratio ရှိပြီး Notch လည်း ပါဝင်လာပါတယ်။ 8 MP နဲ့ 2 MP dual camera ကို တပ်ဆင်ပေးထားပြီး အရှေ့ကင်မရာက 13 MP Camera ကို အသုံးပြုထားပါတယ်။ 1.8GHz Snapdragon 632 SoC ကို သုံးထားပြီး RAM 3GB နဲ့ Internal Storage 32GB ရှိမှာပါ။ Storage တိုးသုံးလိုရင်လည်း External Memory Card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ သုံးစွဲရတာ ပေါ့ပါးလွယ်ကူစေမယ့် Stock Android နဲ့ ထွက်ရှိလာမှာဖြစ်သလို Battery ကတော့ ကြာရှည်အသုံးခံနိုင်မယ့် 4000 mAh ပမာဏ ကို တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

Zenfone Max pro M2 ကလည်း 1080×2280 pixels FHD+ resolution၊ 19:9 Aspect ratio ရှိတဲ့ 6.3 လက်မအရွယ်မျက်နှာပြင်ဖြစ်ပြီး Notch Display ပါဝင်ပါတယ်။ Stock Android နဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Snapdragon 660 SoC တို့ကို အသုံးပြုထားလို့ မြန်ဆန်သွက်လက်စွာ သုံးနိုင်မှာကတော့ သေချာပါတယ်။ 12 MP +5 MP Dual Camera ကို အသုံးပြုထားပြီး Front Camera က13 MP Camera ပါ။ RAM 4GB Internal Storage 64GB နဲ့ RAM 4GB Internal Storage 128GB Version နှစ်မျိုး ရနိုင်မယ်လို့ သိရပါတယ်။ 5000 mAh Battery ကို တပ်ဆင်ပေးထားတယ်လို့ အချိန်ပြည့် ဖုန်းသုံးစွဲလေ့ရှိသူတွေအတွက်တော့ အကြိုက်တွေ့စရာ ဖြစ်နေပါတယ်။

အရင်မော်ဒယ်တွေတုန်းက သုံးစွဲသူတွေ အခက်ကြုံကြရတဲ့ Zawgyi Fonts က Zenfone Max M2 နဲ့ Zenfone Max pro M2 ဖုန်းနှစ်မျိုးလုံးမှာ build-in ပါဝင်လာဖို့ ရှိနေပါတယ်။ ဈေးနှုန်းတွေကတော့ Gadgets 360 ဝက်ဘ်ဆိုဒ်ကအချက်အလက်တွေအရ Zenfone Max M2 အတွက် မြန်မာငွေ ၃ သိန်း ၃ သောင်းဝန်းကျင်နဲ့ Zenfone Max pro M2 အတွက် မြန်မာငွေကျပ် ၄ သိန်း ၈ သောင်းဝန်းကျင်ရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောင်းချရင်တော့ ဈေးနှုန်း အပြောင်းအလဲ နည်းနည်းရှိနိုင်မှာပါ။

ဒီဇင်ဘာ (၁၁) မှာ ရိုးရာလေး အဖွဲ့သားတွေက ဂျာကာတာမြို့က တရားဝင်မိတ်ဆက်ပွဲကို သွားရောက်ကာ ပွဲအခမ်းအနားမြင်ကွင်းနဲ့ ဒီ ဖုန်း မော်ဒယ် အသစ်တွေ စမ်းသပ်သုံးစွဲမှုကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားဦးမှာမို့ ရိုးရာလေး ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ စောင့်ကြည့်အားပေးကြဖို့ တစ်ပါတည်း ဖိတ်ခေါ်ထားလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top