ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဖခင်ဘရတ်ပစ်ရဲ့နောက်ဆုံးနာမည်ကို ထည့်မပြောစေခဲ့တဲ့ အိန်ဂျလီနာဂျိုလီရဲ့သမီးဖြစ်သူ ဇာဟာရာ

dau1.jpg

ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အိန်ဂျလီနာဂျိုလီရဲ့ အသက် ၂၁ နှစ်အရွယ် အကြီးဆုံးသမီးဖြစ်သူ ဇာဟာရာဟာ Spelman College ကနေ ဒီပလိုမာဘွဲ့ကို လက်ခံဖို့ စင်မြင့်ထက်လျှောက်လှမ်းတဲ့အချိန် သူ့ဖခင်ဖြစ်သူ ဘရတ်ပစ်ရဲ့နောက်ဆုံးနာမည်ကို ထည့်မပြောစေခဲ့ပါဘူးလို့ သိရပါတယ်။

ဒီဘွဲ့နှင်းသဘင်အခမ်းအနားက မေလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဇာဟာရာက စိတ်ပညာဘွဲ့ကို ရရှိခဲ့တာပါ။ ဘွဲ့နှင်းသဘင်အစီအစဉ်မှာ ဇာဟာရာ မာလေး ဂျိုလီ-ပစ်လို့ စာရင်းသွင်းခဲ့ပေမဲ့ စင်မြင့်ထက် ဘွဲ့ယူစဉ်မှာတော့ သူ့နာမည်ကို ဇာဟာရာ မာလေး ဂျိုလီလို့ပဲ ပြောစေခဲ့ပါတယ်။

ဇာဟာရာက ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း the Alpha Kappa Alpha Sorority ထဲဝင်ရောက်တဲ့အချိန်မှာ ဇာဟာရာ မာလေး ဂျိုလီလို့ပဲ သူ့ကိုယ့်ကို မိတ်ဆက်ခဲ့တာပါ။ သူ့အဖေရဲ့နောက်ဆုံးနာမည်ကို မထည့်ဘဲ သူ့အမေရဲ့နောက်ဆုံးနာမည်ကိုပဲ သုံးခဲ့ပါတယ်။

ဇာဟာရာက မွေးစားသမီးဖြစ်ပေမဲ့ သူ့အမေ ဂျိုလီကို “သူ့ရဲ့အမေလို့ ခေါ်ခွင့်ရတဲ့ ကိုယ်ကျိုးမဖက်ဆုံး၊ ချစ်ခင်တတ်ဆုံးနဲ့ နားလည်မှုအရှိဆုံးအမျိုးသမီး”လို့ သတ်မှတ်ထားပါတယ်။

Ref: Angelina Jolie’s Daughter Zahara Drops Dad Brad Pitt’s Last Name as She Walks Across the Stage at Her Graduation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top