ကိုရီးယားဇာတ်လမ်းတွဲ “Hi Bye, Mama” မှာ ချစ်စရာကောင်းတဲ့ ကလေးမလေးဇာတ်ရုပ်ကို ကလေးသရုပ်ဆောင်ကောင်လေး ဆိုးဝူဂျင်း သရုပ်ဆောင်ခဲ့တယ်ဆိုတာကို နိုင်ငံတကာသရုပ်ဆောင်တော်တော်များများ သိရှိသွားခဲ့ပြီးနောက် ဝူဂျင်းဟာ လူမှုကွန်ယက်အသုံးပြုသူတွေကြားရေပန်းစားလို့နေပါတယ်။

အခုလိုရေပန်းစားသွားခဲ့တာကတော့ မကြာသေးခင်က ပြသခဲ့တဲ့ စိတ်ကူးယဉ်ဟာသဇာတ်လမ်းတွဲ The WONDERfools မှာ ဝူဂျင်းပါဝင်တာကို လူမှုကွန်ယက်အသုံးပြုသူတွေမြင်တွေ့ခဲ့တာကြောင့်ဖြစ်ပါတယ်။
The WONDERfools မှာ ဝူဂျင်းက အဓိကဇာတ်ကောင် လီအန်ဂျောင်းနဲ့ ဆက်စပ်တဲ့ လျှို့ဝှက်ဆန်းကြယ်မသေမျိုးကလေးတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ဒါပေမဲ့ ကြည့်ရှုသူတွေက Hi Bye, Mama မှာ သူ ပါဝင်ခဲ့တဲ့ ဇာတ်ရုပ်နဲ့ ဆက်စပ်ပြီး မယုံကြည်နိုင်ဖြစ်နေကြပါတယ်။ Hi Bye, Mama မှာ ဝူဂျင်းက ယောကျာ်းလေးဖြစ်ပေမဲ့ မင်းသမီးကင်တေးဟီးရဲ့ သမီးဖြစ်သူအဖြစ် ပါဝင်ခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက ဝူဂျင်းရဲ့မျက်နှာအသွင်အပြင်၊ ဆံပင်အရှည်နဲ့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေကြောင့် ကလေးမလေးလို့ပဲ ထင်ခဲ့ကြတာပါ။ အခု Hi Bye Mama နဲ့ The WONDERfools မှာ သရုပ်ဆောင်ထားတဲ့သူက တစ်ယောက်တည်းဖြစ်တယ်ဆိုတာ ကြည့်ရှုသူတွေ မယုံနိုင်သေးဘူးဖြစ်ပါတယ်။ ခဏခဏမျက်လုံးပွတ်ပြီး ကြည့်နေရတယ်။ သူ့ကို မမှတ်မိဘူးလို့ ဆိုကြပါတယ်။

အခုဆို ဝူဂျင်းက အသက် ၁၀ နှစ်ပဲရှိသေးပေမဲ့ ကိုရီးယားရဲ့အလုပ်များဆုံးကလေးသရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ထိပ်တန်းမင်းသားမင်းသမီးတွေနဲ့အတူ ဇာတ်လမ်းတွဲတော်တော်များများမှာ သရုပ်ဆောင်ထားပါတယ်။
Ref: The “Little Girl” From Hi Bye, Mama! Was Actually A Boy — Viewers Still Can’t Believe It
WL (ရိုးရာလေး)

