MPT က “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၏ မေလအတွက် ကံထူးရှင်များကို ကြေညာ

ာစအ.webp

ဇွန်လတွင်  အထူးဆု အသစ်စက်စက် Leapmotor B10 EV ကား နှင့် အခြားဆု ကံထူးရှင်များ  ရွေးချယ်သွားမည်
                                                                                                                              
MPT သည် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၏ မေလအတွက် ကံထူးရှင်များ ရွေးချယ်သည့် တိုက်ရိုက် (Live) ထုတ်လွှင့်မှု အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၂) ရက်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သင်တန်းကျောင်း၌ MPT ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကျင်းပခဲ့ပါသည်။ အဆိုပါတိုက်ရိုက် (Live) ထုတ်လွှင့်မှုအတွင်း လက်ရှိ MPT ဆင်းမ်ကတ်  သုံးစွဲသူများထဲမှ ငွေသား ကျပ်သိန်း (၃၀) ဆု ကံထူးရှင် (၅) ဦး နှင့် iPhone 17 ကံထူးရှင် (၁) ဦးတို့ကို ရွေးချယ်ပေးခဲ့ပါသည်။

“ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများအနေဖြင့် ကျန်ရှိနေသေးသည့် အသစ်စက်စက် Leapmotor B10 EV ကားတစ်စီး၊ တစ်ဦးလျှင် ငွေသားဆု ကျပ်သိန်း (၃၀) ဆု (၅)ဆု နှင့် အထူးဆု iPhone 17 ဆုများကို ဇွန်လအတွင်း ဆွတ်ခူးနိုင်မည့် အခွင့်အရေးများ  ရရှိမည်ဖြစ်ပါသည်။ MPT သည် နောက်ဆုံးလအတွက် ကံထူးရှင်ရွေးချယ်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ဇွန်လအတွက် အထူးဆုနှင့် အခြားဆုလက်ဆောင်များကို ရရှိနိုင်ရန် သုံးစွဲသူများအနေဖြင့်


၁) နေ့စဉ် ဒေတာဆုလက်ဆောင်များ ရယူရန် ဖုန်းငွေဖြည့်ပြီး “Kick & Win” ဂိမ်းကစားပါ။ 


၂) အပတ်စဉ် ဒေတာဆုလက်ဆောင်များရယူနိုင်ရန်အတွက် နှစ်သက်ရာနည်းလမ်းများမှတစ်ဆင့် အခမဲ့ စာရင်းသွင်းပါ။


၃) အထူးဆု အသစ်စက်စက် Leapmotor B10 EV ကား (၁) စီး၊ လစဉ် ကျပ်သိန်း (၃၀) ငွေသားဆု နှင့် iPhone 17 ဆုလက်ဆောင်များကို  ရယူနိုင်ရန် မိမိကြိုက်နှစ်သက်ရာပက်ကေ့ချ်များ ဝယ်ယူပြီး ကံစမ်းနိုင်ပါသည်။

MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ရဲ့ ဧပြီလနဲ့ မေလအတွက် ကံထူးရှင်တွေကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ရဲ့ ဇွန်လ ကံထူးရှင်တွေကို ရွေးချယ်ပေးဖို့အတွက် အထူးဆုကြီးဖြစ်တဲ့ Leapmotor B10 EV ကားသစ်တစ်စီး အပါအဝင် အခြားဆုလက်ဆောင်များစွာ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် နိုင်ငံဝတစ်ဝန်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ ဒီအခွင့်အရေးကို အရယူပြီး “ဇိမ်ဇိမ်” ပရိုမိုးရှင်းမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဇွန်လရဲ့ အထူးဆု ကံထူးရှင်တွေကို ကြေညာပေးသွားဖို့အတွက်လည်း စိတ်လှုပ်ရှားနေပါပြီ” ဟု ပြောကြားခဲ့ပါသည်။

MPT သည် “ဇိမ်ဇိမ်” ပရိုမိုးရှင်း၏ မေလအတွက် ကံထူးရှင်များစာရင်းကို ၎င်း၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။ MPT က ငွေသားဆုနှင့် iPhone 17 ဆုရရှိသူများ အားလုံးကို ၎င်းတို့၏ ဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက်  တိုက်ရိုက် ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် ဒေတာဆုလက်ဆောင်များကိုလည်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကံထူးရှင်များ၏ အကောင့်များထဲသို့ တိုက်ရိုက်ထည့်သွင်းပြီး ဖြစ်ပါသည်။
 
“ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၏ အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/zeim-zeim-promotion/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။  MPT ၏ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၊ အခြားသော အထူးပရိုမိုးရှင်းအစီအစဉ်များ၊ MPT ၏ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top