စင်ကာပူနိုင်ငံရဲ့ အစိုးရမူလတန်းကျောင်းကို အလည်ရောက်လာခဲ့တဲ့ ဂျက်ကီချမ်း

jaki.jpg

ဟောင်ကောင်ကိုယ်ခံပညာဝါရင့်သရုပ်ဆောင်ကြီး ဂျက်ကီချမ်းဟာ ဇူလိုင် ၇ ရက်နေ့မနက်ခင်းက စင်ကာပူနိုင်ငံရှိ Pei Chun Public School ကို လာရောက်ခဲ့ပါတယ်။ သူက မနက် ၈ နာရီလောက်မှာ ကျောင်းခန်းမထဲကို ကျောင်းရဲ့ခြင်္သေ့၊ နဂါးအကဖျော်ဖြေသူတွေနဲ့အတူ လမ်းလျှောက်ဝင်လာခဲ့တာပါ။

မူလတန်းကျောင်းသား/သူတွေကလည်း ဂျက်ကီချမ်းရဲ့ရုပ်ရှင်ပိုစတာတွေကို ကိုင်ဆောင်ပြီးတော့ ကြိုဆိုနေကြတာတွေ့ရပါတယ်။ ဂျက်ကီချမ်းက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ချီဟောင်တက်၊ လွှတ်တော်ဥက္ကဋ္ဌ ဆီအာ ကီယာပန်နဲ့ စင်ကာပူ အိုလံပစ်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ကီယာ့တ် လင်မ်တို့ကြားမှာ ထိုင်နေခဲ့ပါတယ်။

ဂျက်ကီချမ်းက Pei Chun Public Shool ရဲ့ကျောင်းသား/သူတွေ တင်ဆက်တဲ့ ဝူရှုးဖျော်ဖြေမှု၊ သီချင်းသီဆိုဖျော်ဖြေမှုတွေကိုလည်း ကြည့်ရှုခဲ့ပါတယ်။ သူက ကျောင်းကို လာရောက်ခဲ့တဲ့အပြင် ကျောင်းရဲ့နဂါးမျက်လုံးရေးဆွဲခြင်းအခမ်းအနားမှာလည်း ပါဝင်ခဲ့ပါတယ်။

ဂျက်ကီချမ်းက ကျောင်းသား/သူတွေကို အိပ်မက်နောက်လိုက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ “သားတို့သမီးတို့ အိပ်မက်ရှိရမယ်။ အိပ်မက်ဆိုတာ အောင်မြင်မှုကို ဦးတည်နေတာမဟုတ်ပေမဲ့ အိပ်မက်မရှိဘဲ သားတို့သမီးတို့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ ကလေးတို့ အိပ်မက်နောက်လိုက်ကြပါ။ ရည်မှန်းချက်ဆီ ဆက်လက်ချီတတ်ပါ။ သားတို့သမီးတို့ လုပ်နိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

ကျောင်းသား/သူတချို့က ဂျက်ကီချမ်းကို စတန့်လုပ်ရတာကို ကြောက်ခဲ့ဖူးလား။ ဇာတ်ကားရိုက်တော့ ရင်ဆိုင်ခဲ့တဲ့ စိန်ခေါ်မှုတွေအကြောင်း မေးမြန်းခွင့်ရခဲ့ပါတယ်။ သူ လုပ်ခဲ့ရတဲ့ စတန့်တော်တော်များများကို အရမ်းကြောက်ခဲ့ပေမဲ့ ရုပ်ရှင်ကားတိုင်းအတွက် အကောင်းဆုံးလုပ်ချင်ခဲ့တာတော့ သိခဲ့ရတယ်လို့ ဂျက်ကီချမ်းက ပြန်ဖြေပါတယ်။ “ငါ အလုပ်နဲ့ပတ်သက်ပြီး ပျက်ကွက်တာတွေရှိခဲ့တယ်။ ဒါပေမဲ့ ဇာတ်ကားထွက်လာတဲ့အခါတိုင်း ဘာကြောင့် ကောင်းကောင်းမလုပ်လိုက်ရတာလဲဆိုတဲ့ နောင်တမျိုး အမြဲရတယ်။ ဒါပေမဲ့ ဒါက အရမ်းနောက်ကျသွားပြီ”လို့ သူက ဆိုပါတယ်။

ကျောင်းကနေ ပြန်မသွားခင် “Hard to Say Goodbye” သီချင်းကို သီဆိုပေးသွားခဲ့ပါတယ်။

Ref: ‘Without dreams, you’ll never succeed’: Jackie Chan visits Pei Chun Public School & breaks into song before leaving

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top