မကြာသေးခင်က ခင်ပွန်းဖြစ်သူ ကိုင် ကိုမူရိုနဲ့အတူ နယူးယောက်မြို့မှာ အများပြည်သူသုံးဘတ်စ်ကားတစ်စီးပေါ် လိုက်ပါစီးနှင်တဲ့ဂျပန်တော်ဝင်မင်းသမီးဟောင်း မာကို ကိုမူရိုရဲ့ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
သူတို့စုံတွဲက ပေါ့ပေါ့ပါးပါးထသွားထလာဝတ်စုံကို ဝတ်ဆင်ထားပြီး အများပြည်သူသုံးဘတ်စ်ကားကို အခြားခရီးသွားတွေနဲ့အတူ စောင့်ဆိုင်းနေခဲ့တာပါ။ ဘယ်သူကမှလည်း ဂျပန်တော်ဝင်မင်းသမီးဟောင်းဆိုတာကို သတိပြုမိကြပုံမရပါဘူး။

မာကိုနဲ့ ခင်ပွန်းဖြစ်သူတို့က အများပြည်သူသုံးဘတ်စ်ကားကို ပုံမှန်စီးဖြစ်တယ်၊ သူတို့ရဲ့ရပ်ကွက်တွေထဲလည်း လမ်းလျှောက်သွားပြီး ကုန်ပစ္စည်းတွေကို ကိုယ်တိုင်ဝယ်လေ့ရှိတယ်လို့ နှစ်တော်တော်ကြား တွေ့မြင်ခဲ့သူတွေရဲ့ပြောစကားအရ သိရပါတယ်။ ၂၀၂၁ ခုနှစ်မှာ နယူးယောက်ကို ပြောင်းလာပြီးနောက် အစက မန်ဟက်တန်မှာ နေခဲ့ပေမဲ့ ကွန်နက်တီကပ်ရှိ ကွန်ဒိုတစ်ခုမှာ အခြေချနေထိုင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မေလမှာ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်။ သမီးလေးရဲ့နာမည်ကို လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
မာကိုသာ တော်ဝင်မင်းသမီးဖြစ်နေဦးမယ်ဆိုရင် ထီးနန်းကို ဆက်ခံဖို့ သူ့အဖေပြီးရင် သူက ဒုတိယနေရာမှာရှိနေတာပါ။ မာကိုက ဂျပန်အိမ်ရှေ့စံမင်းသားဖူမီဟီတိုနဲ့ အိမ်ရှေ့စံမင်းသမီး ခီခိုတို့ရဲ့သမီးအကြီးဆုံးပါ။ သူက အရပ်သားကို ယူဖို့အတွက် တော်ဝင်အဆင့်အတန်းကို စွန့်လွှတ်ခဲ့တာပါ။

Ref: Former Japanese Princess Spotted Taking Public Bus In New York After Giving Up Royal Life
WL (ရိုးရာလေး)

