ဖိလစ်ပိုင်နိုင်ငံ၊ Cebu မြို့က OnlyFans မော်ဒယ်တစ်ဦးက သူ့ရဲ့မွေးရပ်မြေဇာတိပြည်နယ်မှာ မြေကွက်ဝယ်ယူပြီး သင်ကြားရေးစင်တာတစ်ခုဆောက်လုပ်ဖို့အတွက် ငွေကြေးလုံလောက်စွာရှာဖွေနိုင်ခဲ့ပါတယ်။ အနာဂတ်မှာ ဒီထက်ကြီးမားတဲ့ ကျောင်းတစ်ကျောင်းဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။
Maeurn Smiles လို့ လူသိများတဲ့ OnlyFans မော်ဒယ်က ၂၀၂၄ ခုနှစ်က လူမှုကွန်ယက်လုပ်ငန်းက ရရှိတဲ့ ဝင်ငွေတွေနဲ့ Cebu ပြည်နယ်၊ Naga မြို့က မြေကွက်တစ်ကွက်ကို ပီဆို ၁.၇၅ သန်း (စင်ကာပူဒေါ်လာ ၃၅၇၅၀) နဲ့ ဝယ်ယူခဲ့တာပါ။
သူ စတင်ဝယ်ယူစဉ်က ကျောင်းဆောက်လုပ်နိုင်ဖို့ အဲ့ဒီမြေကွက်ကို အစိုးရဆီလှူဒါန်းဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ကျောင်းအမည်ကို ကွယ်လွန်သူ အဖေဖြစ်သူရဲ့အမည်ပေးခွင့်မရနိုင်တာကို သိရှိခဲ့ပြီတဲ့နောက် သူ့ရဲ့စိတ်ကူးကို ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် အဖေဖြစ်သူအတွက် ရည်ရွယ်ပြီးတော့ ကျောင်းဆောက်လုပ်ရေးလုပ်ငန်းတွေကို သူ ကိုယ်တိုင်တာဝန်ယူလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဓိကကျောင်းဆောင်ကြီးကို ဆောက်လုပ်တာမရှိသေးပေမဲ့ ၂၀၁၅ ခုနှစ်မှာ သင်ကြားရေးစင်တာအသေးစားလေးတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်းကလေးတွေကို သိပ္ပံ၊ ချက်ပြုတ်နည်းနဲ့ အခြားလှုပ်ရှားမှုသင်ခန်းစာတွေကို သင်ကြားပေးနေပါတယ်။ အဓိကကျောင်းဆောင်ကြီးဆောက်လုပ်ပြီးစီးရင် ကလေးငယ်ပေါင်း ၃၀၀ ကို ပညာသင်ကြားပေးနိုင်မှာဖြစ်ပါတယ်။
Maeurn ဟာ သူ ငယ်စဉ်ကတည်းက စာသင်ကြားခြင်းကို စိတ်ပါဝင်စားခဲ့ပေမဲ့ မိသားစု ငွေကြေး မပြည့်စုံမှုကြောင့် တက္ကသိုလ် မတက်ရောက်ခဲ့ရဘူးလို့၂၀၂၆ ခုနှစ် သြဂုတ်လတုန်းက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် သူဟာ OnlyFans အကောင့် မစတင်ခင်က တရုတ်ကျောင်းသားတွေအတွက် အင်္ဂလိပ်စာ ဆရာမအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းကျမှ OnlyFans အကောင့်ကတဆင့် အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ငွေကြေး လုံလောက်စွာ ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
Ref: Philippines OnlyFans model raises money to build school, wants to name it after her late father
WL (ရိုးရာလေး)

