အနီကတ်ပြသမှု အကြိမ် (၁၀၀) ပြည့်သွားတဲ့ ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင် မိုက်ဒိန်း

bb2.jpg

မိုက်ဒိန်းဟာ ပရီးမီးယားလိဂ်မှာ အနီကတ်ပြမှု ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ကွင်းလယ်ဒိုင် ဖြစ်ခဲ့ပါတယ်။ ဝုဗ်က မန်ယူကို (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မိုက်ဒိန်းက မန်ယူနောက်ခံလူ အက်ရှ်လေယန်းကို (၂) ဝါ၊ တစ်နီနဲ့ ထုတ်ပယ်ခဲ့ပြီး အနီကတ် (၁၀၀) ပြည့်ခဲ့တာပါ။

အသက် (၅၀) အရွယ်ရှိတဲ့ မိုက်ဒိန်းဟာ ဒီရာသီမှာ တခြားပရီးမီးယားလိဂ်ဒိုင်တွေထက် အနီကတ်ပိုပြထားပြီး အက်ရှ်လေယန်းကို အနီကတ်ပြမှုက ဒီရာသီမှာ ၁၀ ကြိမ်မြောက် အနီကတ်ပြသမှု ဖြစ်ပါတယ်။ သူဟာ တစ်ပွဲပျမ်းမျှ အနီကတ်ပြမှု ဝ.၂၁ ( ၅ ပွဲမှာ အနီကတ်တစ်ကတ်နှုန်း)ရှိနေပါတယ်။

ဒိုင်အဖြစ် (၁၉) နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ မိုက်ဒိန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၄၇၇) ပွဲမှာ ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ပွဲအများဆုံး ကိုင်တွယ်ခွင့်ရတဲ့ ပရီးမီးယားလိဂ်ဒိုင်အဖြစ် ရပ်တည်နေပါတယ်။ ဒီရာသီမှာ သူ့ရဲ့အဝါကတ်ပြသမှုကလည်း (၁၀၀) ကျော် ရှိနေပါတယ်။ ဒိုင်ဘဝတစ်လျှောက် အဝါကတ်ပြသမှုကတော့ (၁၇၃၁) အထိ ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top