“The Little Mermaid”ဇာတ်ကားမှာ မင်းသားအဲရစ်ဇာတ်ရုပ်အဖြစ် ပါဝင်ဖို့ကမ်းလှမ်းချက်ကို ငြင်းလိုက်တဲ့ ဟယ်ရီ စတိုင်

rs_1024x759-190717153828-1024.the-little-mermaid-harry-styles.cl_.071719.jpg

“The Little Mermaid” ဇာတ်ကားမှာ အဆိုတော်ဟယ်ရီ စတိုင် (Harry Styles) ကို မင်းသားအဲရစ်ဇာတ်ရုပ်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာခဲ့ပါတယ်။ နာမည်ကြီးရုပ်ရှင်ရုံနှစ်ခုကလည်း ဟယ်ရီ စတိုင်ပါဝင်မယ်လို့ အတည်ပြုပြီးသွားကြောင်းပို့စ်ကို ဝမ်းသာဂုဏ်ယူစွာနဲ့ တွစ်တာမှာ တင်ခဲ့ပါသေးတယ်။ အဲ့ဒီသတင်းလည်း အွန်လိုင်းမှာ တော်တော်လေးလည်း ပျံ့နှံ့သွားပြီးတဲ့နောက် တွစ်တာမှာ တင်ခဲ့တဲ့ပို့စ်ကို ပြန်ဖျက်လိုက်ကြပါတယ်။ ဒါဆိုရင်တော့ အဲ့ဒီသတင်းက မမှန်သလိုဖြစ်သွားပါတယ်။

အခုဆိုရင် ထုတ်လုပ်ရေးနဲ့ ရင်းနှီးတဲ့ Source က “ဟယ်ရီက ဒစ်စနေးရဲ့ပရိသတ်တစ်ယောက်ပါ။ ဒါပေမဲ့ ကမ်းလှမ်းချက်ကို လေးလေးစားစားနဲ့ပဲ ငြင်းခဲ့တာပါ” လို့ ပြောပါတယ်။ ဟယ်ရီက မင်းသားအဲရစ်ဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ပြောဆိုနေကြတယ်ဆိုတဲ့သတင်းဟာ ပြီးခဲ့တဲ့လကတည်းက ထွက်ရှိခဲ့တာပါ။ ရေသူမလေး အေရီရယ်အဖြစ် ဟဲလ် ဘိုင် (Halle Bailey) နဲ့ အတူ ဟယ်ရီကို မြင်တွေ့ရတော့မလားဆိုပြီး ပရိသတ်တွေက စိတ်လှုပ်ရှားခဲ့ကြပါတယ်။ ပရိသတ်တွေမျှော်လင့်ထားသလို ဟယ်ရီက ဒီဇာတ်ကားမှာ ပါဝင်မှာမဟုတ်တော့ပါဘူး။

အခုတော့ “The Little Mermaid” ဇာတ်ကားမှာ ပါဝင်မယ်လို့ သေချာအတည်ပြုထားတာက ဟဲလ် ဘိုင်လီပဲရှိပါသေးတယ်။ ပရိသတ်တွေက Melissa McCarthy ကို အာဆူလာအဖြစ် ပါဝင်ဖို့ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပါတယ်။

“The Little Mermaid” မူရင်းကာတွန်းကား ထွက်ရှိခဲ့တာ နှစ် (၃၀) ရှိပါပြီ။ အဲဒီအချိန်တုန်းက တော်တော်လေးလူကြိုက်များခဲ့ပါတယ်။ မင်းသားအဲရစ်ဆိုတဲ့ လူသားနဲ့ ချစ်ကြိုက်မိခဲ့တဲ့ ရေသူမလေး အေရီရယ်အကြောင်းရိုက်ကူးထားတာဖြစ်ပြီး အခုဆိုရင် Live Action အနေနဲ့ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

Ref: ENews “Harry Styles Has ”Respectfully Declined” the Prince Eric Role in Live-Action Little Mermaid”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top