အင်တာမီလန်တောင်ပံကစားသမား ပါရီဆစ်ကို ဘိုင်ယန်မြူးနစ်အငှားခေါ်ယူ

68649901_2532888753408696_5673753060459937792_n.jpg

ဘိုင်ယန်မြူးနစ်အသင်းဟာ အင်တာမီလန်တောင်ပံကစားသမား ပါရီဆစ်ကို ပေါင် (၄.၆) သန်းနဲ့ တစ်နှစ်အငှား ခေါ်ယူလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ ရော်ဘင်၊ ရီဘာရီ စတဲ့ တောင်ပံကစားသမားတွေ အသင်းက ထွက်ခွာသွားလို့ တောင်ပံတိုက်စစ်အားဖြည့်ဖို့ကြိုးစားခဲ့ပြီး ချဲလ်ဆီးတောင်ပံကစားသမား ဟက်ဆန်အိုဒိုရီ၊ မန်စီးတီးတောင်ပံကစားသမား ဆာနေးတို့ကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်အသင်း ချုပ်ဆိုခဲ့တဲ့အငှားစာချုပ်မှာ ပါရီဆစ်ရဲ့ခြေစွမ်းကိုသဘောကျရင် ပေါင် (၁၈.၅) သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ပါဝင်နေ ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့တဲ့ ပါရီဆစ်ဟာ ဒေါ့မွန်၊ ဝုဖ်ဘတ်အသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သူ့အတွက် တတိယမြောက်ဘွန်ဒက်စ်လီဂါကလပ်ဖြစ်လာပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top