ရောနှောဝေဖန်မှုတွေကြားက ကမ္ဘာတစ်ဝှမ်း နံပါတ် ၁ Netflix တီဗီရှိုးဖြစ်နေတဲ့ “All of Us Are Dead”

30.1.2021yyl08.jpg

နောက်ထပ် ကိုရီးယားဇာတ်လမ်းတွဲတစ်ကားကလည်း ကမ္ဘာ့တစ်ဝှမ်း နံပါတ် ၁ တီဗီရှိုးဖြစ်နေပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့မှာ “All of Us Are Dead” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲကို Netflix ကနေတဆင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ ဒီသည်းထိပ်ရင်ဖိုဇွန်ဘီဇာတ်လမ်းတွဲဟာ တီဗီဇာတ်လမ်းတွဲတွေကြားမှာ နံပါတ် ၁ နေရာမှာ ရှိနေခဲ့တယ်လို့ FlixPatrol အရ သိရပါတယ်။

ဒီဇာတ်လမ်းတွဲက ခေါင်းစဉ်တူ အွန်လိုင်းကာတွန်းကို အခြေခံထားရိုက်ကူးထားပြီး အထက်တန်းကျောင်းတစ်ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုစတင်ခဲ့ရကနေ ဒီဇာတ်လမ်းဖြစ်ပေါ်လာခဲ့ပါတယ်။ ကျောင်းသူကျောင်းသားတွေက ကျောင်းထဲမှာပဲ ဇွန်ဘီတွေရန်ကနေ လွှတ်မြောက်အောင် ထွက်ပြေးပြီး သူတို့ကို လာရောက်ကယ်တင်လာမယ့်သူတွေကို စောင့်ဆိုင်းနေခဲ့ရတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီဇာတ်လမ်းတွဲက အပိုင်း (၁၂) ပိုင်းရှိပြီး အပိုင်းအစဆုံးအကုန်လုံးကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ တစ်ခါတည်း ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ ပရိသတ်တွေ သိပ်မသိကြသေးတဲ့ မင်းသမီး ပတ်ဂျီဟူ (Park Ji Hu)၊ မင်းသား ယွန်းချန်ယောင်း (Yoon Chang Young)၊ မင်းသမီး ချိုရီဟွန်း (Cho Yi Hyun) နဲ့ ပတ်ဆိုလိုမွန် (Park Solomon) တို့ ပါ။

ဒီဇာတ်လမ်းတွဲကို ကောင်းတဲ့ဘက်က ဝေဖန်သုံးသပ်ကြသူတွေရှိသလို မကောင်းတဲ့ဘက်က ဝေဖန်ကြသူတွေလည်းရှိပါတယ်။ ရောနှောဝေဖန်မှုတွေကြားကမှ “All of Us Are Dead” က ကမ္ဘာ့တစ်ဝှမ်းနံပါတ် ၁ တီဗီရှိုးဖြစ်လာခဲ့တာပါ။ “Squid Game”၊ “Hellbound”၊ “Arcane” ကိုရီးယားဇာတ်လမ်းတွဲတွေပြီးရင် “All of Us Are Dead” ဇာတ်ကားက ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုရရှိခဲ့တဲ့ (၄) ကားမြောက် ဇာတ်လမ်းတွဲဖြစ်ပါတယ်။

မကြာသေးခင်က “All of Us Are Dead” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ လီဂျေးဂျူး(Lee Jae Gyu) ဟာ အင်တာဗျူးတစ်ခုမှာ ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးလည်း အခုလိုတုံ့ပြန်ခဲ့ပါတယ်။ “ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများဆီက ချစ်ခြင်းမေတ္တာအားလုံး လက်ခံရရှိခဲ့ရတာကို ကျွန်တော် တကယ်ကိုပဲ မယုံနိုင်ဖြစ်ခဲ့ရပါတယ်။ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ဒီဟာက (၂) နှစ်လောက် ဒီပရောဂျက်အတွက် အချိန်တွေ၊ အားစိုက်မှုတွေ ပေးခဲ့ရတဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေအားလုံးအတွက် ကြီးမားတဲ့စိတ်သက်သာရာရမှုဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဆိုပါတယ်။

ကြည့်ရှုသူတွေက ဒီဇာတ်လမ်းတွဲက မူရင်းအွန်လိုင်းကာတွန်းနဲ့ခွဲထွက်သွားတာမျိုးမရှိဘူး၊ လို့ ထောက်ပြကြပါတယ်။ ဒါရိုက်တာ လီဂျေးဂျူးကလည်း “မူရင်းထဲက အခြေခံဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အတူတူပါပဲ။ ဇာတ်အိမ်ကလည်း မူရင်းကနေ အရမ်းကြီး ခွဲထွက်သွားတာမျိုးမရှိဘူး” လို့ ပြောထားပါတယ်။ ဇာတ်လမ်းကို ဇွန်ဘီဆိုတဲ့ အကြောင်းအရာပေါ်အောင် အဓိက ရိုက်ကူးထားတာ ဖြစ်တယ်လို့ ဒါရိုက်တာက ဆိုပါတယ်။

“ဇာတ်လမ်းတွဲက “Squid Game” (ဒါမှမဟုတ်) “Hellbound” တို့ထက် တစ်ခုကနေ နှစ်ခုထက် ပိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ကွက်တွေနဲ့ အမျိုးမျိုးသော အကြောင်းအရင်း (၇)ခုကြောင့် (၁၈) နှစ်အောက်မကြည့်ရဆိုတဲ့ အဆင့်သတ်မှတ်ချက်ရရှိခဲ့ပါတယ်။ ရက်စက်ပြီး ကြမ်းကြုတ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေပါပါတယ်။ ဒါပေမဲ့ ဇွန်ဘီဇာတ်ကားအမျိုးအစားဖြစ်ဖို့အတွက် အဲဒီဇာတ်လမ်းဇာတ်ကွက်တွေ လိုအပ်တယ်လို့ ကျွန်တော်တို့ တွေးခဲ့တယ်” လို့ ဒါရိုက်တာ လီဂျေးဂျူးက ပြောခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲကိုကြည့်ရင် ကြည့်ရှုသူတွေက ဇာတ်ကောင်တွေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ လူသိမများတဲ့မင်းသားမင်းသမီးတွေကို ပိုပိုပြီး ချစ်လာမယ်ဆိုတဲ့ ဒါရိုက်တာ ယုံကြည်ထားတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ ကြည့်ရှုသူပရိသတ်တွေက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေကို အားပေးနှစ်ခြိုက်ခဲ့ကြပါတယ်။ အခုဆိုရင် လူမှုကွန်ယက်ပေါ်မှာ ‘All of Us Are Dead” ရဲ့မင်းသား၊ မင်းသမီးရဲ့ဓာတ်ပုံတွေ ပျံ့နှံ့လို့နေပါတယ်။

Ref: Allkpop & Soompi “‘All of Us Are Dead’ tops Netflix TV shows worldwide despite the mixed reviews from critics”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top