iPhone 14 ထုတ်လုပ်မှုတချို့ကို အိန္ဒိယမှာ လုပ်မယ်လို့ Apple ကြေညာ

9-27-2022-yyl-12.jpg

iPhone 14 ထုတ်လုပ်မှုတချို့ကို အိန္ဒိယမှာ လုပ်မယ်လို့ Apple က ကြေညာတယ်။ Apple ဟာ သူတို့ရဲ့ဖုန်းအများစုကို တရုတ်နိုင်ငံမှာ ထုတ်လုပ်နေတာဖြစ်ပေမဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးကိစ္စတွေနဲ့ တင်းမာမှု မြင့်တက်လာတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတချို့ကနေ တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံးဝဥဿုန်ကင်းစင်ရေးမူဝါဒတွေကြောင့် ပိတ်ဆို့မှု အများအပြားရှိခဲ့ပြီး ကပ်ရောဂါကာလအတွင်း စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာမှု ကြီးကြီးမားမား ဖြစ်ပွားခဲ့ပါတယ်။

Apple ရဲ့ဖုန်းအများအပြားကို ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ်အခြေစိုက် Foxconn ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်ကစပြီး အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့တာပါ။ Apple ရဲ့ မော်ဒယ်ဟောင်းဟန်းဆက်တချို့ကိုလည်း တမီလ်နာဒူပြည်နယ်မှာ ထုတ်လုပ်ခဲ့တာပါ။

iPhone 14 ထုတ်လုပ်မှုတချို့ကို အိန္ဒိယမှာ လုပ်မယ်ဆိုတဲ့ Apple ရဲ့ ကြေညာချက်ဟာ ဝန်ကြီးချုပ် နာရန်န္ဒြာမိုဒီအစိုးရအတွက် အောင်ပွဲတစ်ရပ်လို့လည်း ဆိုရမှာပါ။ အိန္ဒိယနိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားနဲ့ ပို့ကုန်ပမာဏကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး လွန်ခဲ့တဲ့ ၈ နှစ်မှာ မိုဒီအစိုးရက ” အိန္ဒိယတွင် ထုတ်လုပ်သည်”ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့တာပါ။

Apple ဟာ ဒီနှစ်အတွင်း သူတို့ရဲ့ထုတ်လုပ်မှုပိုင်းအနက် ၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံထံ ရွှေ့ပြောင်းဖွယ်ရှိတယ်တယ်လို့ JP Morgan ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ သုတေသီတွေက ဒီလအစောပိုင်းမှာ ခန့်မှန်းခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာတော့ အိန္ဒိယမှာ iPhone ထုတ်လုပ်မှု ၄ ပုံ၊ ၁ ပုံအထိ ရှိလာမယ်လို့ အဲဒီအစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Apple ကုမ္ပဏီရဲ့ ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Foxconn က ဗီယက်နမ်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ တန်ကြေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ထုတ်လုပ်မှုပိုင်းကို တိုးမြှင့်ဖို့အတွက် နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ သူတို့ရဲ့စက်ရုံကို တိုးချဲ့ဖို့ Foxconn က အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိတဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ပြီးခဲ့တဲ့လမှာ ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

Ref: iPhone in India: Apple makes new handset in India in shift from China

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top