တာယာအဟောင်းတွေကို အိမ်မွေးတိရစ္ဆာန်အိပ်ရာအဖြစ် ပြောင်းလဲဖန်တီးခဲ့တဲ့ လက်မှုပညာရှင်

good-news-beds-for-animals-amarildo-silva-fb11__700-png.jpg

စွန့်ပစ်တာယာအဟောင်းတွေကို ကုန်ကြမ်းအဖြစ်သုံးပြီး ဈေးကွက်ဝင်ပစ္စည်းတွေဖြစ်လာအောင် ဖန်တီးနိုင်ခဲ့သူတစ်ဦးကတော့ ဘရာဇီးနိုင်ငံက လက်မှုပညာရှင် အမာအီဒို (Amarildo) ပါ။ တာယာအဟောင်းတွေဟာ ခွေးလေခွေးလွင့်တွေအတွက်အိပ်စရာဖြစ်နေတာကို သူတွေ့ခဲ့ချိန်မှာ သက်တောင့်သက်သာရှိတဲ့အိပ်ရာတစ်ခုလိုခံစားရစေမယ့် တိရစ္ဆာန်အိပ်ရာလေးတွေကိုဖန်တီးဖို့ စိတ်ကူးမိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူ့ဇာတိမြို့ရဲ့ လမ်းပေါ်က အမှိုက်ပုံးကြီးတွေမှာစွန့်ပစ်ထားတဲ့ တာယာအဟောင်းတွေကိုအသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တာယာတွေကို လှီးဖြတ်၊ အလှဆင်ပြီး အိပ်ရာလေးတွေဖြစ်အောင်ဖန်တီးထားတဲ့ အမာအီဒိုရဲ့လက်ရာတွေကိုတွေ့သွားကြတဲ့ အိမ်မွေးတိရ စ္ဆာန်ပိုင်ရှင်တွေက သဘောကျခဲ့ကြပြီး အော်ဒါမှာယူကြပါတော့တယ်။

အိပ်ရာတိုင်းမှာလည်း တိရစ္ဆာန်လေးတွေရဲ့ နာမည်ပါထွင်းပေးပြီး သူတို့ကိုယ်ပိုင်အိပ်ရာဖြစ်အာင် အမာအီဒိုက တစ်ခါတည်းဖန်တီးပေးလိုက်တာပါ။

စွန့်ပစ်ပစ္စည်းကို ဈေးကွက်ဝင်ပစ္စည်းဖြစ်အောင် ပြောင်းလဲဖန်တီးနေတဲ့ ဒီအလုပ်က သဘာဝပတ်ဝန်းကျင်အတွက် အကျိုးများစေရုံသာမကဘဲ သူ့အတွက်လည်း ငွေပိုငွေလျှံလေးတွေ စုဆောင်းမိလာစေပါတယ်။ အမာအီဒိုက လမ်းမှာတွေ့သမျှ တာယာအဟောင်းတွေကို အိမ်သယ်လာပြီး ခြံနောက်မှာ စုပုံထားပါတယ်။ တာယာတွေကို အမျိုးအစားခွဲတာ၊ လှီးဖြတ်ပွုံဖော်တာ၊ ဆေးကြောသန့်စင်တာနဲ့ ဆေးသုတ်တာတွေက အမာအီဒိုရဲ့ ဝင်ငွေဖြောင့်နေတဲ့ နေ့စဉ်အလုပ်တွေ ဖြစ်လို့နေပါပြီ။

Ref: waterballoon “Brazilian Artist Uses Old Tires To Create Comfy Beds For Pets”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top