COVID-19 ကို တွန်းလှန်တိုက်ဖျက်ရာမှာ ပါဝင်ကူညီတဲ့ ပရဟိတအဖွဲ့တွေအတွက် အာဆင်နယ်အသင်း ပေါင် ၁ သိန်းလှူဒါန်းမယ်

25-3-2020-yyl-004.jpg

ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာမှာ ပါဝင်ကူညီနေတဲ့ ပရဟိတအဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေအတွက် ပေါင် ၁ သိန်းလှူဒါန်းပေးမှာဖြစ်ပြီး အမျိုးသားကျန်းမာရေးဌာန ဝန်ထမ်းတွေအတွက် သူတို့အသင်း ကားတွေကို စီစဉ်ပေးသွားမယ်လို့ အာဆင်နယ်အသင်းက ကြေညာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေချိန်အတွင်း လူ့အဖွဲ့အစည်းအတွက် ကူညီပေးနိုင်မယ့် စည်းမျဉ်းတွေ ချမှတ်ထားတယ်လို့ အာဆင်နယ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး COVID-19 ကူးစက်ခံရသူဖြစ်ပါတယ်။

အာတီတာဟာ ရောဂါကနေ ပြန်လည်သက်သာလာပြီး ကျန်းမာရေးကောင်းမွန်နေပါတယ်။ လူ့အဖွဲ့အစည်းအတွက် လိုအပ်နေချိန်မှာ တုံ့ပြန်လှုပ်ရှားဖို့ ဘယ်တော့မှာ တွန့်ဆုတ်မှာမဟုတ်ဘူးလို့ အာဆင်နယ်အသင်းက ပြောပါတယ်။ အာဆင်နယ်ဟာ ပရဟိတအဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေအတွက် ပေါင် ၁ သိန်းလှူဒါန်းပေးမှာဖြစ်သလို အရင်တုန်းကလည်း Islington Giving အဖွဲ့နဲ့ ပူးပေါင်းပြီး ဒေသခံလူမှုအသင်းအဖွဲ့တွေကို ပေါင် ၅၀၀၀၀ လှူဒါန်းခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေချိန်မှာ ပိတ်ထားရတဲ့ ဒေသခံစာသင်ကျောင်းတွေအတွက်လည်း ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top