မေဝယ်သာနဲ့ စိတ်မကျေပွဲထိုးဖို့ ဆွေးနွေးနေပြီလို့ ပက်ကွီအို အတည်ပြု

yyl-2-10-005.jpg

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ စိတ်မကျေပွဲထိုးဖို့ ဆွေးနွေးနေပြီလို့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ပြောပါတယ်။ ပက်ကွီအိုဟာ ၂၀၁၅ ခုနှစ် မေလက ”ရာစုနှစ်ရဲ့ အကောင်းဆုံးလက်ဝှေ့ပွဲ”လို့ တင်စားကြတဲ့ လက်ဝှေ့ပွဲမှာ မေဝယ်သာကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့(၂)ယောက် စိတ်မကျေပွဲ ထိုးကြလိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေ ထပ်ဖန်တလဲလဲ ထွက်ပေါ်ခဲ့တာပါ။ အခုအချိန်မှာတော့ မေဝယ်သာနဲ့ ပက်ကွီအိုပွဲအတွက် အမှန်တကယ်ဆွေးနွေးနေပြီလို့ ပက်ကွီအိုက အတည်ပြုပါတယ်။

”ကျွန်တော့်အဖွဲ့တွေက သူ့လူတွေ(မေဝယ်သာရဲ့အဖွဲ့)နဲ့ ဆွေးနွေးနေပါတယ်။ အခြေအနေတိုးတက်မှုရှိလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဘာလို့လဲဆိုတော့ နောက်ထပ်သတင်းတွေ မသိရသေးလို့ပါ”လို့ ပက်ကွီအိုက ပြောပါတယ်။ ပက်ကွီအိုကတော့ မေဝယ်သာနဲ့ စိတ်မကျေပွဲထိုးဖို့ သဘောတူညီမှုမရခဲ့ရင် ဗြိတိန်လက်ဝှေ့သမား အေမာခန်းနဲ့ ထိုးသတ်ဖို့လည်း စိတ်ဝင်စားနေပါတယ်။ ”နောက်နှစ်မှာ ပွဲထိုးနိုင်ဖို့ စီစဉ်နေပါတယ်။ ဖြစ်နိုင်ဖွယ်ရှိတဲ့ ပြိုင်ဘက်နဲ့ ထိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ အေမာခန်းက ကျွန်တော်နဲ့ ထိုးချင်နေတယ်။ ကျွန်တော်တို့ ထပ်ဆွေးနွေးရမယ်။ အဲဒီပွဲကလည်း ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ”လို့ ပက်ကွီအိုက ဆိုပါတယ်။ ပက်ကွီအိုဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ အမေရိကန်လက်ဝှေ့သမား ကိ(သ်)သာမန်းကို အနိုင်ယူပြီး WBA စူပါဝယ်တာဝိတ်တန်းချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top