ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့လာဘ်ကောင် ခေါင်းဖြူလင်းယုန်ငှက် သေဆုံး

24-6-2020-yyl-057.jpg

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ လာဘ်ကောင်ဖြစ်တဲ့ ခေါင်းဖြူလင်းယုန်ငှက် ကေလာဟာ နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့ပါပြီ။ ကေလာဟာ ပြီးခဲ့တဲ့လက သူ နေထိုင်တဲ့ Eagle Heights Wildlife Foundation မှာ ဖျားနာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းပရိသတ်တွေက သူ့အသက်ကို ကယ်တင်ဖို့ GoFundMe Page ကနေ ရန်ပုံငွေတွေ လှူခဲ့ကြပါတယ်။ ကေလာကို ကယ်တင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ နှလုံးရောဂါကြောင့် ကေလာ သေဆုံးခဲ့တယ်လို့ Eagle Heights Wildlife ဖောင်ဒေးရှင်းက ပြောပါတယ်။

ကေလာဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ လာဘ်ကောင်ဖြစ်ခဲ့တာပါ။ သူဟာ ဆဲလ်ဟော့ပါ့ခ်အိမ်ကွင်းပွဲစဉ်တွေမှာ ပွဲမစခင်နဲ့ ဒုတိယပိုင်းမစခင် အချိန်တွေမှာ ကွင်းထဲပျံသန်းပြပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားမှုပေးစွမ်းနိုင်ခဲ့ပါတယ်။ ကေလာ သေဆုံးသွားတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိပြီး ဆဲလ်ဟော့ပါ့ခ်ကွင်းက အရင်ကလို မဟုတ်တော့ဘူးလို့ ပရိသတ်တစ်ယောက်က ရေးသားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top