ကိုဗစ်သေဆုံးသူဦးရေနဲ့အညီ စက္ကူကြိုးကြာရုပ်တွေ ဖန်တီးခဲ့တဲ့ ပန်းချီပညာရှင်

14-8-2020-yyl-008.jpg

လော့စ်အိန်ဂျယ်လိစ်မြို့က ပန်းချီပညာရှင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကာလာ ဖန်ဒါဘက်ခ် (Karla Funderburk) ဟာ အမေရိကနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးခဲ့ရတဲ့ လူထောင်ပေါင်းများစွာကို အောက်မေ့သတိရတဲ့အနေနဲ့ စက္ကူကြိုးကြာရုပ်တွေ ဖန်တီးကာ သူ့အနုပညာပြန်ခန်းမှာ ချိတ်ဆွဲခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၃) လကျော်ကတည်းက ကြိုးကြာရုပ်တွေကို စက္ကူရောင်စုံနဲ့ ပြုလုပ်ပြီး သူ့ရဲ့အနုပညာပြခန်းမှာ ချိတ်ဆွဲထားတာပါ။ “ကျွန်မ ဆုံးရှုံးမှုကို ခံစားမိနေရင်းနဲ့ ကြိုးကြာရုပ်တွေ ခေါက်နေခဲ့တာပါ။ ကြိုးကြာရုပ်ဟာ ဝိဉာဉ်ကို ကောင်ကင်ဘုံပို့ဆောင်နေတယ်ဆိုတဲ့ ဂျပန်ရိုးရာသင်္ကေတတစ်ခုပါ”လို့ ကာလက ပြောပါတယ်။

သူဟာ ညတိုင်း ကြိုးကြာရုပ် (၁၀) ခုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မေလ ၁၄ ရက်နေ့မှာ သေဆုံးသူအရေအတွက်က ၈၈,၀၀၀ ထိရှိသွားတဲ့အခါမှာ အကုန်လုံးပြီးဖို့ဆိုရင် (၂၄) နှစ်အချိန်ယူရမယ်လို့ နားလည်ခဲ့ပြီး အခြားသူတွေကို အကူအညီတောင်းခဲ့ပါတယ်။ အခုဆိုရင် သူ့ကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက နေ့တိုင်း ကြိုးကြာရုပ်တွေကို ခေါက်ပေးနေပါတယ်။ “ကျွန်မ ကြိုးကြာရုပ်တွေထည့်ထားတဲ့ ဗူးနဲ့အိတ်တွေ လက်ခံရရှိခဲ့ပါတယ်။ တစ်ခါတလေ နာမည်တစ်ခုနဲ့ ကြိုးကြာရုပ်တစ်ခု၊ တချို့ဗူးတွေကတော့ ကြိုးကြာရုပ် (၃၀၀) ပါ ပါတယ်”လို့ ကာလာက ပြောပါတယ်။

အခုဆိုရင် ကြိုးကြာရုပ်ရာချီကို သူ့ရဲ့ Matter Studio ရဲ့မျက်နှာကြက်ကနေ ချိတ်ဆွဲထားပါတယ်။ အမေရိကန်မှာ သေဆုံးသူအရေအတွက်တိုးလာရင် ကြိုးကြာရုပ်ဗူးတွေ ရောက်လာဦးမှာပါ။ ပြခန်းရဲ့ဝက်ဆိုက်ဘ်မှာလည်း ကိုဗစ်ကြောင့် သေဆုံးခဲ့တဲ့ လူတွေရဲ့နာမည်တွေကို စာရင်းလုပ်ထားပါတယ်။ ကြာသပတေးနေ့ကအထိ ကာလာဟာ ကြိုးကြာရုပ် (၉၃၀၀) ချိတ်ဆွဲထားပြီးသွားပါပြီ။ အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ (၁၆၅,၀၀၀) ဦးရှိနေပါတယ်။

Ref: ABCNews “Artist creates origami crane memorial for COVID-19 victims”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top