ကမ္ဘောဒီးယားနိုင်ငံရဲ့ လယ်သမားတွေက ကိုဗစ်တွန်းလှန်တဲ့အနေနဲ့ အိမ်ရှေ့မှာ စာခြောက်ရုပ်တွေ ထားရှိ

16-10-2020-yyl-004.jpg

နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ မတူတဲ့အယူသီးမှုတွေက ရှိနေတုန်းပါပဲ။ ကပ်ရောဂါအတွင်းမှာလည်း တချို့နိုင်ငံတွေက ရှေးရိုးစွဲအယူအဆတွေနဲ့ ကိုဗစ်အန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျေးလက်တောရွာက အယူသီးတဲ့လယ်သမားတွေဟာ စာခြောက်ရုပ်အကူအညီနဲ့ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နေကြပါတယ်။ သူတို့အိမ်ရှေ့မှာ စာခြောက်ရုပ်တွေကို ထားမယ်ဆိုရင် ကိုဗစ်အန္တရာယ်ကနေ ကိုယ်ကိုယ့်ကိုယ်ကာကွယ်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

ခေါင်းအုံးနဲ့လုပ်ထားတဲ့ စာခြောက်ရုပ်တွေက သူတို့ကို အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ရွာသူရွာသားတွေက စာခြောက်ရုပ်တွေကို ရောင်စုံအင်္ကျီတွေ၊ ဦးထုပ်လို ခေါင်းဆောင်းတွေ ဝတ်ဆင်ပေးကြတဲ့အပြင် ဆိုင်ကယ်စီးဦးထုပ်ကိုတောင် ဝတ်ဆင်ပေးကြပါတယ်။ အဲဒီလိုဝတ်ဆင်ပေးပြီး အိမ်ထဲမှာ နေထိုင်သူတိုင်းကို ကာကွယ်ဖို့အတွက် သူတို့အိမ်ရှေ့မှာ ထားရှိကြပါတယ်။ တချို့လူတွေဆိုရင် အရုပ်သေနတ်၊ ဓားလို လက်နက်တွေကို စာခြောက်ရုပ်ရဲ့လက်ထဲမှာတောင် ထည့်ပေးထားကြပါတယ်။ Kampong Cham စီရင်စုက အသက် (၄၂) အရွယ် ဒေသခံအမျိုးသမီး Sok Chany ကတော့ “ကျွန်မတို့မိသားစုကို ခြိမ်းခြောက်နေတာကနေ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် စာခြောက်ရုပ်ကို ဖန်တီးထားရှိခဲ့တာပါ”လို့ ပြောပါတယ်။

ဒီကမ္ဘောဒီးယားလူမျိုးရွာသူရွာသားတွေက စာခြောက်ရုပ်တွေကို အိမ်ရှေ့မှာ ထားတာက လက်ရှိဖြစ်ပွားနေတဲ့ကပ်ရောဂါကြောင့်တင် မဟုတ်ဘဲ အရင်ကတည်းက လုပ်ဆောင်လေ့ရှိကြပါတယ်။ အရင်က ရွာနားတစ်ဝိုက်မှာ ပျံံ့နှံ့ခဲ့တဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါလို အဖြစ်များတဲ့ရောဂါတွေကို ကာကွယ်တဲ့အနေနဲ့လည်း စာခြောက်ရုပ်တွေကို အသုံးပြုလေ့ရှိခဲ့ပါတယ်။ အသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ရောဂါတွေကနေ လူသားတွေကို ကာကွယ်ပေးဖို့ စာခြောက်ရုပ်တွေပြင်ဆင်ပြီး အိမ်ရှေ့မှာ ထားရှိတာက သူတို့ရဲ့ရှေးရိုးစွဲယုံကြည်မှုဖြစ်တယ်လို့လည်း Sok Chany အမျိုးသမီးရဲ့ပြောစကားအရ သိရပါတယ်။

Ref: Farmers In Cambodia Fight Off COVID-19 With Scarecrows, Helps Them Remain Positive

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top