ဖာရာရီအသင်းနဲ့ လမ်းခွဲတော့မယ့် ပြိုင်ကားမောင်းသမား ဆီဘက်ရှန်ဗက်တဲလ်ကို အက်စတွန်မာတင်အသင်း ခေါ်ယူမယ်လို့ သတင်းထွက်နေ

15-7-2020-yyl-033.jpg

ဖာရာရီအသင်းနဲ့ လမ်းခွဲတော့မယ့် ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား ဆီဘက်ရှန်ဗက်တဲဟာ အက်စတွန်မာတင်အသင်းကို ပြောင်းရွှေ့ဖို့ စာချုပ်ကိစ္စ ဆွေးနွေးနေတယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြပါတယ်။ ကမ္ဘာ့ချန်ပီယံ (၄)ကြိမ်ဖြစ်ခဲ့တဲ့ ဆီဘက်ရှန်ဗယ်တဲဟာ (၅) နှစ်ကြာ ပါဝင်ခဲ့တဲ့ ဖာရာရီအသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတာကို အခုနှစ်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိတဲ့ ဆီဘက်ရှန်ဗက်တဲကို Racing Point အသင်းပိုင်ရှင် လောရင့်စထရိုးက စာချုပ်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ လောရင့်စထရိုးက သူ့အသင်းကို အက်စတွန်မာတင်အသင်းအဖြစ် အမည်ပြောင်းလဲပြင်ဆင်ဖို့ ရှိနေပါတယ်။

ဒါပေမဲ့ Racing Point အသင်းဟာ လက်ရှိကားမောင်းသမား ဆာဂျီယိုပီရက်ဇ်ကို ကာလရှည်စာချုပ်ချုပ်ဆိုထားသလို လောရင့်စထရိုးသားဖြစ်သူ လန့်စ်စထရိုးကလည်း Racing Point အသင်းမှာ ပါဝင်နေပါတယ်။ အဲဒါကြောင့် ဆီဘက်ရှန်ဗက်တဲလ်အတွက် နေရာလွတ်မရှိဘူးလို့ အသင်းအုပ်ချုပ်သူ အော့တ်မာက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top