ခရစ္စမတ်ဘောနပ် ဒေါ်လာ ၁၀၀၀၀၀ ပေးဖို့ အလုပ်သမား ၁၀ ဦးကို ကျပန်းရွေးချယ်ခဲ့တဲ့ ဩစတြေးလျရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်

13-12-2022-yyl-27.jpg

ဩစတြေးလျနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဂီနာ ရိုင်းဟတ်က ခရစ္စမတ်ဘောနပ် ဒေါ်လာ ၁၀၀၀၀၀စီရမယ့် အလုပ်သမား ၁၀ ဦးကို ကျပန်းရွေးချယ်ခဲ့ပါတယ်။ ဘီလျံနာ ဂီနာဟာ သူ့ရဲ့ Roy Hill မိုင်းတွင်းက ကံကောင်းတဲ့ အလုပ်သမား (၁၀) ဦးရဲ့နာမည်တွေကို ဦးထုပ်တစ်ခုထဲက ဆွဲထုတ်ရွေးချယ်ခဲ့တာပါ။ ဂီနာက Roy Hill အလုပ်သမားတွေအားလုံးကို အရေးကြီးတဲ့ကြေညာချက်တစ်ခုအတွက် အသင့်စောင့်နေဖို့ ပြီးခဲ့တဲ့အပတ်က ပြောထားခဲ့တာပါ။

အင်္ဂါနေ့မှာ ဂီနာရဲ့မိခင်ကုမ္ပဏီ Hancock Prospecting Group ကပိုင်ဆိုင်တဲ့ Roy Hill က အမည်မဖော်လိုသူ အလုပ်သမားတစ်ဦးဟာ 6PR Radio ကို ဖုန်းခေါ်ဆိုပြီး ဒီသတင်းကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒီဝန်ထမ်းက အရွေးခံရတဲ့သူတွေထဲမှာ လွန်ခဲ့တဲ့ ၃ လကမှ အလုပ်ဝင်ခဲ့တဲ့ အလုပ်သမားပါခဲ့တဲ့အတွက် နည်းနည်းစိတ်ပျက်သွားတာကြောင့် 6PR Radio ကို ဖုန်းခေါ်ခဲ့တာဖြစ်တယ်လို့ ရေဒီယိုထုတ်လွှင့်တင်ဆက်သူတွေက ပြောပါတယ်။ ကံထူးသူ အလုပ်သမား (၁၀) ဦးက ဘယ်သူလဲဆိုတာတော့ မဖော်ပြထားပါဘူး။

ဩစတြေးလျအနောက်ပိုင်း ပီဘာရာဒေသက Roy Hill မိုင်းတွင်းဟာ Hancock Prospection Group ရဲ့အကြီးဆုံးပို်ငဆိုင်မှုပါ။ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်မှာ အမြတ်ငွေ ဒေါ်လာ ၃.၂ ဘီလျံရခဲ့ပါတယ်။ သံသတ္တုရိုင်းတွေ ဈေးကျတာကြောင့် အရင်ဘဏ္ဍာရေးနှစ်နဲ့ယှဉ်ရင် အခွန်ဆောင်ပြီး အမြတ်ငွေက ၂၈ ရာခိုင်နှုန်းလောက်နည်းနေပါတယ်။ အမြတ်ငွေကျဆင်းနေပေမဲ့ ဂီနာက ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အတွင်း သံရိုင်းတန်ချိန် သန်း ၆၀ ကို တင်ပို့ခဲ့တဲ့ Roy Hill မိုင်းတွင်းနဲ့ ဩစတြေးလျနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေဆဲပါပဲ။

ဂီနာက Roy Hill Holdings ရဲ့ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီ Hancock Prospecting ရဲ့အမှုဆောင်ဥက္ကဌလည်းဖြစ်ပါတယ်။ သူက ခန့်မှန်းခြေ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၃၄ ဘီလျံနဲ့ အခုနှစ် Australian Financial Review Rich List မှာ နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။

Ref: Dailymail “Australia’s richest person Gina Rinehart randomly selects 10 workers to receive a $100,000 Christmas bonus – with one of the winners only starting three months ago”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top