ကမ္ဘာစစ်တွေရော ကပ်ရောဂါတွေကပါ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဂင်းနက်စ်စံချိန်တင်ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်
အမေရိကန်နွယ်ဖွားစပိန်နိုင်ငံသားအဘွားတစ်ဦးကို ကမ္ဘာ့အသက်ကြီးဆုံးသက်ရှိပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ကြေညာထားပါတယ်။ အသက် ၁၁၅ နှစ်အရွယ် မာရီယာ ဘရန်ရာစ် မိုရီရာရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံမေးမြန်းစိစစ်အတည်ပြုတဲ့လုပ်ငန်းစဉ်ပြီးတဲ့နောက်မှာ ဒီကြေညာချက်ကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ထုတ်ပြန်ခဲ့တာပါ။ အဘွားမာရီယာဟာ အသက် ၁၁၈ နှစ်အရွယ် ပြင်သစ်သီလရှင်လူဆေးရန်ဒန်…

