ခန္ဓာကိုယ် အလေးချိန် ပေါင်တစ်ဝက်သာသာပဲရှိတဲ့ ကမ္ဘာ့အသေးဆုံး ကလေးငယ် ဆေးရုံမှ ပြန်ဆင်းလာ
မွေးခါစက ခန္ဓာကိုယ်အလေးချိန် (၉.၄၅) အောင်စပဲရှိပြီး ကမ္ဘာ့အသေးဆုံး ယောကျာ်းလေးလို့ သတ်မှတ်ထားကြတဲ့ ဂျပန်နိုင်ငံက ကလေးငယ်ဟာ ကုသမှုအောင်မြင်ခဲ့တဲ့အတွက် ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပါပြီ။ ၂၀၁၈ ခုနှစ် သြဂုတ်လက ခွဲမွေးခဲ့ရတဲ့ ကလေးငယ်ဟာ လူကြီးလက်ဖဝါး နှစ်ဖက်စာလောက်ပဲ ရှိခဲ့ပါတယ်။…