တစ်နေ့တာလုံး ပိုပြီးတက်တက်ကြွကြွဖြစ်နေစေဖို့ ဘယ်လိုလုပ်မလဲ
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ခွန်အားလေ့ကျင့်ခန်းလုပ်ခြင်းအပြင် တစ်နေ့လုံးတက်ကြွနေစေနိုင်တဲ့ တခြားနည်းလမ်းတွေအများကြီးရှိပါသေးတယ်။ သင်မှတ်ထားရမှာက သင်လှုပ်ရှားလေ သင့်ကိုယ်ထဲက ကယ်လိုရီပိုလောင်ကျွမ်းလေ သင့်သွေးချိုကို ပုံမှန်ထားနိုင်လေပဲဖြစ်ပါတယ်။ အချိန်အကြာကြီးထိုင်ခြင်းက ကျန်းမာရေးအတွက်ထိခိုက်နိုင်လားဆိုတာ သိစေဖို့ လေ့လာမှုတွေပိုပိုပြီးလုပ်နေကြပါတယ်။ ရုံးမှာထိုင်နေရင်းက တစ်နာရီတစ်ခါလောက် ခြေလက်အကြောဆန့်ပြီး ရုံးခန်းထဲလမ်းလျှောက်ပေးခြင်းက ခုံမှာဘဲနာရီပေါင်းများစွာထိုင်နေတာထက် သာပါတယ်။…

