28-7-2022-yyl01.jpg

စူပါမားကတ်ရဲ့ Clubcard ယူလာဖို့ ခဏခဏမေ့တတ်လို့ လက်မှာ တက်တူးအဖြစ် ထိုးထားခဲ့တဲ့ အမျိုးသား

Tesco စူပါမားကတ်ဆီ ခဏခဏလာဝယ်လေ့ရှိတဲ့ ဒိန်း မေဟူးဆိုသူ အမျိုးသားဟာ Tesco ရဲ့ Clubcard ကို ယူလာဖို့ မေ့မေ့နေတာကြောင့် သူ့ရဲ့လက်ကောက်ဝတ်မှာ Clubcard ရဲ့ QR Code ကို တက်တူးအဖြစ် ထိုးခဲ့ပါတယ်။…

27-7-2022-yyl01.jpg

Code ရေးသားမှု ပြိုင်ပွဲမှာ အနိုင်ရပြီး အမေရိကန်ကုမ္ပဏီက အလုပ်ကမ်းလှမ်းပေမဲ့ အသက်ငယ်လို့ လုပ်ခွင့်မရခဲ့သူ

အိန္ဒိယလူမျိုး ဗီဒန့် ဒီအိုကိတ် ဆိုတဲ့ ကောင်လေးဟာ သူ့အမေရဲ့လက်တော့ပ်အဟောင်းနဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်ကို သုံးနေရင်း Code ရေးသားမှုပြိုင်ပွဲလင့်ခ်တစ်ခုကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ပြိုင်ပွဲဝင်ပြိုင်ဖို့ ဗီဒန့် ဆုံးဖြတ်ခဲ့တယ်။ နှစ်ရက်အတွင်း Code စာကြောင်း (၂၀၀၀) ကျော်ကို ရေးပြီး…

26-7-2022-yyl21.jpg

ကယ်လီဖိုးနီယားကနေ ဟာဝိုင်အီအထိ လှေလှော်ခတ်သွားခြင်းဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အမျိုးသမီးအဖွဲ့

အမျိုးသမီးလှေလှော်သမား (၄) ဦးအဖွဲ့ဟာ ကယ်လီဖိုးနီးယားကနေ ဟာဝိုင်အီအထိ ရေမိုင်ပေါင်း (၂၄၀၀) ကျော် လှေလှော်ခတ်သွားခဲ့ပါတယ်။ အင်္ဂါနေ့မနက်ခင်းမှာ ဟာဝိုင်အီကို ရောက်ရှိပြီး သမိုင်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီး (၄) ဦးက လစ်ဘီ ကိုစတယ်လို၊ ဆိုဖီယာ ဒန်နီဆန်…

26-7-2022-yyl20.jpg

ရေသောက်များလွန်းရင် ခန္ဓာကိုယ်အတွက် ကောင်းနိုင်မလား

လူတစ်ယောက်ဟာ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက် သောက်သုံးပေးသင့်တယ်လို့ ဆိုကြပါတယ်။ လူတစ်ယောက် ရေပမာဏ ဘယ်လောက်သောက်သုံးရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ဖော်မြူလာမရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ရေသောက်သုံးတဲ့ပမာဏ ကွဲပြားပါလိမ့်မယ်။ ဒါပေမဲ့ တစ်နေ့ ရေ…

26-7-2022-yyl15.jpg

မွေးကင်းစကတည်းက အခိုးခံခဲ့ရပြီး မိဘအရင်းတွေမဟုတ်တာကို အသက် ၁၇ နှစ်မှ သိခဲ့ရသူ

တောင်အာဖရိကနိုင်ငံသူ မီချီ ဇက်ဖန်နီဟာ သူ့ဘဝရဲ့ ၁၇ နှစ်တာလုံး သူစိမ်းတွေကို သူ့မိဘအရင်းလို့ ထင်မှတ်လာခဲ့တာပါ။ တကယ်တော့ သူ မွေးပြီး (၃) ရက်အကြာမှာ သူ့ရဲ့မိဘအရင်းဆီကနေ အခိုးခံလိုက်ရတာပါ။ ဒါကို အသက် ၁၇ နှစ်ကျမှ…

26-7-2022-yyl14.jpg

အထက်တန်းအောင်ပြီး (၁) နှစ်အကြာမှာ ဆေးကျောင်းဝင်ခွင့်ရခဲ့တဲ့ ၁၃ နှစ် သမီးလေး

အယ်လီနာ အယ်နာလီဂျ် ဝစ်ခ်ကာက အသက် ၁၃ နှစ် ကောင်မလေးတစ်ယောက်၊ မကြာသေးခင်ကမှ ၂၀၂၄ ပညာသင်နှစ်အတွက် အလာဘားမားတက္ကသိုလ်ရဲ့ Heersink ဆေးကျောင်းကို ဝင်ခွင့်ရခဲ့တယ်။ ဆေးကျောင်းရဲ့Early Assurance Program အနေနဲ့ တက်ခွင့်ရခဲ့တာပါ။ ဆေးကျောင်းတက်ခွင့်စာကို…

25-7-2022-yyl11.jpg

ကင်ဆာရောဂါသည်မိခင်အတွက် (၂) နှစ်ကြာ ဆံပင်အရှည်ထားပြီး ဆံပင်အတုလုပ်ပေးခဲ့သူ

အရီဇိုးနားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သားဖြစ်သူကြောင့် ဆံပင်တုပိုင်ဆိုင်ခဲ့ရပါပြီ။ မီလနင် ရှာဟာဆိုတဲ့ အဲဒီအမျိုးသမီးက ဦးနှောက်အကျိတ်ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ကုသမှုခံယူပြီးနောက် ၂၀၁၈ခုနှစ်မှာ ဆံပင်တွေ ဆုံးရှုံးသွားခဲ့ရတာပါ။ မီလနင်က သူ ဆံပင်မရှိတဲ့အတွက် နာကျင်စရာကောင်းတဲ့ အရာတွေကို လူတွေက ပြောကြတယ်။ နေမကောင်းဖြစ်လို့…

25-7-2022-yyl09.jpg

အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိပြီးနောက် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားခဲ့တဲ့ ဆယ်လ်မန်ခန်း

ဘောလိဝုဒ် နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ မွမ်ဘိုင်းရဲတပ်ဖွဲ့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက သူဟာ လူဆိုးဂိုဏ်းခေါင်းဆောင် လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းဆီကနေ အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိပြီးနောက် အခုလို သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားခဲ့တာပါ။ ဆယ်လ်မန်ခန်းက သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ကို လျှောက်ထားဖို့အတွက် မွမ်ဘိုင်းရဲဌာနချုပ်ကို ဇူလိုင်လ…

25-7-2022-yyl07.jpg

အမြွှာသားထဲက (၁) ဦးနဲ့အတူ ကားမတော်တဆမှုဖြစ်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော်သရုပ်ဆောင် ဂျင်မီ လင်း

“တိမ်လွှာနဂါးသူရဲကောင်းများ”၊ “ငါးကလေး” သိုင်းဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိခဲ့တဲ့ ထိုင်ဝမ်အဆိုတော်သရုပ်ဆောင် ဂျင်မီ လင်းဟာ သူ့ရဲ့(၆) နှစ်အရွယ် အမြွှာသားထဲက (၁) ဦးနဲ့အတူ ဒီကနေ့မနက်က ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။ ဂျင်မီလင်းရဲ့အဖြူရောင် Tesla ကားဟာ Taoyuan မြို့က…

22-7-2022-06.jpg

အသက်ရှင်ဖို့ အချိန် (၁) နှစ်ပဲ ရှိတယ်လို့ ဆရာဝန်တွေ ယူဆခဲ့တဲ့ အမျိုးသမီး တက္ကသိုလ်ကနေ ဘွဲ့ရခဲ့

ဉီးနှောက်အကျိတ်ကင်ဆာရောဂါခံစားရပြီးနောက် အသက်ရှင်ဖို့ အချိန် (၁) နှစ်ပဲ ရှိခဲ့တဲ့ အမျိုးသမီးဟာ အခုနှစ်မှာ ဘွဲ့ရခဲ့ပါပြီ။ ၂၀၁၈ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ ဘရောဖို့ဒ်ရွာလေးက လောရာ နက်တ်တယ်ဟာ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးမှုလုပ်တဲ့အချိန် Glioblastoma Multiforme လို့ခေါ်တဲ့ ဦးနှောက်အကျိတ်ကင်ဆာရှိနေတယ်ဆိုတာ သိခဲ့ရပြီး…