24.11.23-yyl-4.jpg

လယ်သမားနဲ့ အိမ်နီးချင်းများ

တစ်ခါသားမှာ တရုတ်လယ်သမားတစ်ယောက် ခြံထဲကနေ မြင်းတစ်ကောင် လွတ်ထွက်သွားတယ်။ ဒီသတင်း ပျံ့သွားတော့ အိမ်နီးချင်းတွေ ရောက်လာကြပြီး တစ်ယောက်တစ်မျိုး ပြောကြတာပေါ့။ အများစုက ” ဒီကိစ္စ တော်တော်ဆိုးတာပဲ’လို့ ဆိုကြပေမဲ့ လယ်သမားကတော့ ” ထင်ရတာပဲ”လို့ မယုတ်မလွန်…

24.11.23-yyl-၃.jpg

ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ဒင်္ဂါးတွေအပါအဝင် ဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိ

ဂျပန်နိုင်ငံအလယ်ပိုင်း ကန်တိုဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ က ဒင်္ဂါးပြားတွေအပါအဝင် ရှေးဟောင်းဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိခဲ့ပါတယ်။ စက်ရုံဆောက်မယ့် မြေနေရာကို တူးဖော်ရာမှာ ထင်းပုံကြီးတစ်ပုံလို ညီညီညာညာ စုဝေးနေတဲ့ ဒင်္ဂါးပြားတွေကို တွေ့ခဲ့ရတာပါ။ ဒင်္ဂါးပြား အများအပြားကို…

23.11.23-yyl-7.jpg

Life of Pi ဇာတ်ကားရဲ့ နောက်ကွယ်မှ အဓိကကျသူတစ်ဦး

အော်စကာဆု ၄ ဆု၊ ရွှေကမ္ဘာလုံးဆု ၃ ဆု ဆွတ်ခူးခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၉ သန်းကျော် ရရှိခဲ့တဲ့ Life of Pi ဇာတ်ကားရဲ့ နောက်ကွယ်မှာ အဓိကကျသူတစ်ယောက်ကတော့ နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ…

23.11.23-yyl-6.jpg

အမျိုးသားတစ်ဦးရဲ့ အူထဲကနေ ယင်ကောင်အရှင်တစ်ကောင် တွေ့ရှိ

အမျိုးသားတစ်ဦးရဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်ရင်း သူ့ရဲ့ အူထဲမှာ ယင်ကောင် အရှင်တစ်ကောင် ရှိနေတာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ အသက် ၆၃ နှစ်အရွယ် အမေရိကန် အမျိုးသားတစ်ဦးဟာ ယခုနှစ်အစောပိုင်းမှာ အူမကြီးကင်ဆာ ပုံမှန်စစ်ဆေးမှုလုပ်ဖို့ မစ်ဇူရီပြည်နယ်ဆေးရုံကို လာပြခဲ့ပါတယ်။…

22.11.23-yyl-10.jpg

အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ ကလေးမံမီရုပ်အလောင်း ၄ လောင်း တူးဖော်တွေ့ရှိ

ပီရူးနိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိမယ်လို့ ယုံကြည်ထားတဲ့ ကလေးငယ် မံမီရုပ်အလောင်း ၄ လောင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ယခင်က ဘာသာရေးအခမ်းအနားတွေ ကျင်းပရာနေရာဖြစ်ပြီး မျက်မှောက်ခေတ်မှာ ပီရူးနိုင်ငံမြို့တော် လီမာရဲ့ ရှေးအကျဆုံးဒေသကနေ တူးဖော်တွေ့ရှိခဲ့တာပါ။…

22.11.23-yyl-4.jpg

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဝီစကီအဖြစ် ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝီစကီပုလင်း

ကမ္ဘာ့ဝယ်လိုအား အမြင့်ဆုံး ဝီစကီတစ်ပုလင်းဟာ လေလံပြပွဲမှာ ပေါင် ၂.၁ သန်း ( မြန်ာမငွေ သန်း ၉၀၀၀ နီးပါး) နဲ့ လေလံအောင်ခဲ့ပါတယ်။ အခုလေလံအောင်ခဲ့တဲ့ The Macallan 1926 ဝီစကီဟာ ဝက်သစ်ချစည်ထဲမှာ…

21.11.23-yyl-23.jpg

ရှေးနှစ်ပေါင်း ၂၅၀ ကတည်းက ဖန်တီးခဲ့ပြီး သက်ရှိငန်းတစ်ကောင်အတိုင်း လှုပ်ရှားနိုင်တဲ့ အံ့ဖွယ်ဆန်းကျယ် ငွေငန်းစက်ရုပ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ က ဆန်းကျယ်တဲ့ ယန္တယားအတတ်ပညာနဲ့ ဖန်တီးထားတဲ့ ငွေငန်းစက်ရုပ်ဟာ ဒီနေ့အချိန်အထိ ဧည့်ပရိသတ်တွေကို ဆွဲဆောင်နိုင်နေဆဲပါပဲ။ သက်ရှိငန်းတစ်ကောင် ငါးဖမ်းနေတဲ့ပုံစံအတိုင်း လှုပ်ရှားနိုင်တဲ့ ငွေငန်းစက်ရုပ်ဟာ သမိုင်းတစ်လျှောက် နာမည်အကျော်ကြားဆုံး စက်ရုပ်တစ်ခုပါပဲ။ ဘယ်လ်ဂျီယံနိုင်ငံသား တီထွင်သူ…

21.11.23-yyl-20.jpg

A ကြိုက်ဆုံး ဖျော်ဖြေမှုတွေ ခံစားကြည့်ရှုဖို့အပြင်၊ စာလေ့လာရာမှာနဲ့ အလုပ်လုပ်ရာမှာ Aကောင်းဆုံး လုပ်ဆောင်နိုင်စေမယ့် Galaxy Tab A9 နဲ့ Galaxy Tab A9+ အသစ်

Samsung Electronics Co., Ltd. ကနေ မကြာသေးခင်ကမှ မိတ်ဆက်ပေးထားတဲ့ ရိုးရှင်းပြီး စတိုင်ကျလှပသလို၊ လူတိုင်းအတွက် အသုံးဝင် အဆင်ပြေနိုင်မယ့် Galaxy Tab A9 Series တက်ဘလက်တွေကို မြန်မာနိုင်ငံစျေးကွက်မှာ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။…

21.11.23-yyl-17.jpg

စွန့်ပစ်ဖန်ပုလင်းတွေကိုသုံးပြီး ရောင်ပြန်သုတ်ဆေး ဖန်တီးခဲ့တဲ့ ဟောင်ကောင်လူငယ်အင်ဂျင်နီယာနှစ်ဦးရဲ့ ဖန်တီးမှုက Sir James Dyson ဆု ဆွတ်ခူး

ပြဿနာ (၂)ခုလုံးကို တပြိုင်တည်းဖြေရှင်းပေးနိုင်ခဲ့တဲ့ ဟောင်ကောင်လူငယ် အင်ဂျင်နီယာနှစ်ဦးရဲ့ တီထွင်မှုကတော့ ၂၀၂၃ ခုနှစ်အတွက် ဗြိတိန်နိုင်ငံသား တီထွင်သူ ဆာဂျိမ်းစ်ဒိုင်ဆန် (Sir James Dyson) ချီးမြှင့်တဲ့ဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ရော်နယ်ဒိုချန်းနဲ့ ကန်ဂျိုဗီယယ်ရှောင်တို့ နှစ်ဦးက စွန့်ပစ်ဖန်ပုလင်းတွေကို…

21.11.23-yyl-15.jpg

ကမ္ဘာ့ပထမဆုံး မျက်စိတစ်လုံးလုံး အစားထိုးခွဲစိတ်မှု အောင်မြင်တယ်လို့ ဆို

ကမ္ဘာ့ပထမဆုံး မျက်စိတစ်လုံးလုံး အစားထိုးခွဲစိတ်ကုသမှု အောင်မြင်ခဲ့တယ်လို့ ခွဲစိတ်ဆရာဝန်တွေက ဆိုပါတယ်။ ခွဲစိတ်ဆရာဝန်နဲ့ သူနာပြု ၁၄၀ ပါဝင်ခဲ့ပြီး ၂၁ နာရီ ကြာမြင့်ခဲ့တဲ့ အဲဒီခွဲစိတ်မှုဟာ အစားထိုးခွဲစိတ်မှု နယ်ပယ်အတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်လို့ ဆိုကြပါတယ်။ စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ အေရွန်ဂျိမ်းစ်ဟာ…