3-3-2022-yyl19.jpg

ဒီနေ့ကစပြီး သေဆုံးရသူအားလုံးက ခင်ဗျားတို့ကြောင့်ပဲ” လို့ နေတိုးအဖွဲ့ကို ဇီလင်စကီး ဝေဖန်

” ဒီနေ့ကစပြီး သေဆုံးရသူအားလုံးက ခင်ဗျားတို့ကြောင့်ပဲ။ ခင်ဗျားတို့ရဲ့ ပျော့ကွက်၊ ခင်ဗျားတို့ရဲ့ မညီညွတ်မှုတွေကြောင့် သေရတာ” လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက နေတိုးအဖွဲ့ကို ဝေဖန်သွားခဲ့ပါတယ်။ ယူကရိန်းဝေဟင်ကို လေကြောင်းမပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ နေတိုးက ငြင်းဆန်ခဲ့ပြီးနောက်မှာ ဇီလင်စကီးက…

3-3-2022-yyl18.jpg

ထိပ်တန်းကုမ္ပဏီကြီးများက ရုရှားနိုင်ငံထံ ပစ္စည်းတင်ပို့မှု၊ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဆမ်ဆောင်းကုမ္ပဏီက ရုရှားနိုင်ငံထံ ဖုန်းတွေ၊ ချစ်ပ်ပြားတွေ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ ရုရှားနိုင်ငံမှာ အမေရိကန်ထုတ် Apple ဖုန်း၊ တရုတ်နိုင်ငံထုတ် Xiaomi ဖုန်းတွေထက် ဆမ်ဆောင်းဖုန်းတွေက လူကြိုက်ပိုများပါတယ်။ ဖုန်းတွေ၊ ချစ်ပ်ပြားတွေ တင်ပို့ရောင်းချမှုတွေ…

3-3-2022-yyl17.jpg

ယူကရိန်းစစ်ဘေးရှောင်တွေအတွက် ဗြိတိန်နိုင်ငံရဲ့ အလှူငွေကောက်ခံမှု ပထမဆုံးရက်မှာ ပေါင် (၅၅)သန်း ရရှိ

ရုရှားရဲ့ကျူးကျော်စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရတဲ့ ယူကရိန်းပြည်သူတွေကို ကူညီပေးဖို့ ဗြိတိန်နိုင်ငံ ဘေးအန ္တရာယ်ဆိုင်ရာ အရေးပေါ်ကော်မတီ (DEC) ရဲ့ လှုပ်ရှားမှုဟာ ပထမဆုံးရက်မှာတင် အလှူငွေ ပေါင် (၅၅)သန်း ရရှိခဲ့ပါတယ်။ ဗြိတိန်ဘုရင်မကြီး၊ ဝေးလ်မင်းသားနဲ့ ကမ်းဘရစ်ချ်မြို့စားတို့လည်း…

3-3-2022-yyl16.jpg

ပူတင်ကို လုပ်ကြံပြီး ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် တိုက်တွန်း

ပူတင်ကို လုပ်ကြံပြီး ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် တိုက်တွန်းအတွင်းစည်းထဲမှာပါဝင်သူ တစ်ယောက်ယောက်က ပူတင်ကို လုပ်ကြံပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးဖို့ အမေရိကန်အထက်လွှတ်တော်အမတ်က တွစ်တာကနေ တိုက်တွန်းခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ပူတင်ကို…

3-3-2022-yyl15.jpg

ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယားစွမ်းအင်စက်ရုံကို ရုရှား သိမ်းပိုက်၊ ချာနိုဘိုင်းပေါက်ကွဲမှုထက် ၆ ဆ ပိုဆိုးနိုင်တယ်လို့ ယူကရိန်းသမ္မတ သတိပေး

– ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယားစွမ်းအင်စက်ရုံကို ရုရှားက သိမ်းပိုက်လိုက်ပါပြီ။ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားစစ်သည်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဇာပိုရစ်ဇီယာနျူကလီးယားစွမ်းအင်စက်ရုံ အမြောက်ဆန်ကျရောက်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ပွားမှာကို စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ နျူကလီးယားစွမ်းအင်စက်ရုံက ဘေးအန ္တရာယ်ကင်းရှင်းပြီး ရေဒီယိုသတ္တိကြွမှုပမာဏကလည်း…

3-3-2022-yyl14.jpg

ကိုဗစ်-၁၉ လူနာတွေအတွက် အသက်ကယ်ဆေး နောက်တစ်မျိုး ရှာဖွေတွေ့ရှိ

ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို အထောက်အပံ့ ဖြစ်စေမယ့် အသက်ကယ်ဆေး နောက်တစ်မျိုး ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်းကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ လေးဘက်နာရောဂါကို ကုသဖို့ အသုံးပြုလေ့ရှိတဲ့ ဆေးဟာ ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရလို့ ဆေးရုံတက်ဖို့ လိုအပ်နေတဲ့…

3-3-2022-yyl13.jpg

လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် မလုပ်ပေးနိုင်ရင်လည်း တိုက်လေယာဉ်တွေ ပို့ပေးဖို့ ယူကရိန်းသမ္မတ တောင်းဆို

ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ စာနယ်ဇင်းရှင်းလင်းပွဲမှာ အဓိကအချက် (၂) ချက် ပြောသွားတယ်။ နံပါတ် (၁) အချက်ကတော့ ယူကရိန်းဝေဟင်ကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးရင် ပေး၊ အဲဒီလိုမှ မဟုတ်ရင် တိုက်လေယာဉ်တွေ ပို့ပေးဖို့ အနောက်အုပ်စုကို…

3-3-2022-yyl12.jpg

တတိယကမ္ဘာစစ်ဖြစ်ရင် နျူကလီးယားစစ်ပွဲမှတပါး အခြားမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော

တတိယကမ္ဘာစစ်ဖြစ်ရင် နျူကလီးယားစစ်ပွဲ ဖြစ်မှာ သေချာတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်လက်ဗ်ရော့ဗ်က ပြောပါတယ်။ ” အရေးယူပိတ်ဆို့မှုတွေမလုပ်ရင် တခြားရွေးချယ်စရာကတော့ တတိယကမ္ဘာစစ်ဖြစ်ဖို့ပဲ ရှိတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ တတိယကမ္ဘာစစ်ဖြစ်ရင်တော့ နျူကလီးယားစစ်ပွဲပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ကို စစ်ပွဲဆင်နွှဲမယ်ဆိုရင်တော့…

24-2-2022-yyl26.jpg

အမေရိကန်က ကယ်ထုတ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ယူကရိန်းသမ္မတ ငြင်းဆန်ခဲ့

ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပင်လယ်နက်ထဲကနေ ယူကရိန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ နေရာတော်တော်များများမှာ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံနေရပါတယ်။ ရုရှားက ထပ်ဖန်တလဲလဲ ထိုးစစ်ဆင်နေပေမဲ့ ယူကရိန်းက အဓိကမြို့ကြီးတွေကို ထိန်းသိမ်းထားနိုင်ဆဲပဲလို့…

24-2-2022-yyl24.jpg

ဘီဘီစီသတင်းဌာနရဲ့ ယူကရိန်းအခြေစိုက် သတင်းသမား အိုလက်ကာပက်

အရှေ့ပိုင်းကနေ ကိဗ်မြို့ ဘူတာကြီးကို ကျွန်တော်ရောက်တော့ မြို့ကနေ ထွက်ခွာမယ့်ရထားတွေပေါ် တက်မယ့်လူတွေအပြည့်ပဲ။ ယူကရိန်းအမျိုးသားရထားလိုင်းက ရထား ၈၀ ရာခိုင်နှုန်းအထိ ပြေးဆွဲပေးနေတယ်ဆိုပေမဲ့ အချိန်တော်တော်စောင့်ရတယ်။ ဘူတာရုံမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတွေ ရှိတယ်။ ရထားတွဲမပြည့်မချင်း လူအားလုံးကို…