27-10-2022yyl26.jpg

ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး မြေပြိုလို့ အနည်းဆုံး လူ ၄၅ ယောက် သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၄၅ ယောက် သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂွင်ဒါနာအိုပြည်နယ်ဟာ အပူပိုင်းမုန်တိုင်း နယ်ဂေး(Nalgae)ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရတာပါ။ ဖိလစ်ပိုင်မြို့တော် မနီလာမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။…

26-10-2022-yyl-18.jpg

ဈေးဝယ်စင်တာလှောင်အိမ်ထဲမှာ နှစ် ၃၀ ကျော် ပိတ်လှောင်ခံရတဲ့ ကမ္ဘာ့အထီးကျန်အဆန်ဆုံး လူဝံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဈေးဝယ်စင်တာရဲ့ သံလှောင်အိမ်ထဲမှာ နှစ် ၃၀ ကျော် တစ်ကောင်တည်း ပိတ်လှောင်ခံခဲ့ရတဲ့ လူဝံမကြီးဟာ ကမ္ဘာ့အထီးကျန်အဆန်ဆုံး လူဝံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဘွာနွိုင်လို့ အမည်ပေးထားတဲ့ လူဝံမကြီးဟာ ၁ နှစ်သမီး အရွယ်ကတည်းက ပါတာပင်လောင်းကုန်တိုက်ကို…

26-10-2022-yyl-11.jpg

ထိုင်းမီဒီယာသူဌေး လိင်ပြောင်းအမျိုးသမီးက မယ်စကြဝဠာပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ကုမ္ပဏီကို ဝယ်ယူ

လိင်ပြောင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ မီဒီယာသူဌေး အန်နီဂျာကာပေါင်ဟာ မယ်စကြဝဠာပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ဝယ်ယူလိုက်ပါပြီ။ ဂျာကာပေါင်ဟာ ထိုင်းနိုင်ငံမှာ ရုပ်သံရှိုးတွေ စီစဉ်ကျင်းပတဲ့ JKN Global Group ရဲ့…

26-10-2022-yyl-06.jpg

အဲလိစဘတ်(၂)ဘုရင်မကြီးထက် ပိုချမ်းသာတဲ့ ဗြိတိန်ဝန်ကြီးချုပ်သစ် ဆူနက်ရဲ့ဇနီး

အာရှနွယ်ဖွား ဗြိတိန်နိုင်ငံသား ရီရှီဆူနက်ဟာ နှစ် ၂၀၀ ကျော်အတွင်း ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာသူပါ။ သူဟာ ဇနီးဖြစ်သူ မာတီရဲ့ ချမ်းသာကြွယ်ဝမှုကြောင့် နိုင်ငံရေးလောကမှာ ထိပ်တန်းရောက်လာသူတွေအနက် အချမ်းသာဆုံးစာရင်းဝင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မာတီရဲ့ဖခင်ဟာ…

26-10-2022-yyl-04.jpg

နှစ် ၅၀ ကျော် ရေမချိုးခဲ့တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး လူသား ရေချိုးပြီး လပိုင်းအကြာမှာ ကွယ်လွန်

နှစ် ၅၀ ကျော် ရေမချိုးခဲ့လို့ ကမ္ဘာ့အညစ်ပတ်ဆုံးလူသားလို့ ခေါ်ဆိုခံခဲ့ရတဲ့ အီရန်နိုင်ငံသား အမူဟာဂျီဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ လူပျိုကြီး အမူဟာဂျီဟာ ဖျားနာမှာ စိုးရိမ်လို့ ရေမချိုးရင်းနဲ့ ရေကြောက်သွားခဲ့တာလို့ ဒေသခံအရာရှိတွေက ဆိုပါတယ်။…

25-10-2022-yyl-49.jpg

ကျေးဇူးမမေ့တဲ့ သူဌေးကြီးက သူ ကြီးပြင်းရာ ဆင်းရဲသားရပ်ကွက်ကို ဖျက်ပြီး တိုက်တာသစ်တွေ ဆောက်ပေးခဲ့

သူငယ်ငယ်က ဆင်းရဲသားရပ်ကွက်မှာ နေရတယ်။ သူတို့မိသားစု အကူအညီလိုတဲ့အခါ အိမ်နီးနားချင်းတွေ၊ ရပ်ဆွေရပ်မျိုးတွေက ကူညီပေးကြတယ်။ သူ ချမ်းသာလာချိန်မှာတော့ ရွှေဟွာက ကျေးဇူးမမေ့ခဲ့ဘူး။ သူ ကြီးပြင်းခဲ့ရာ ဆင်းရဲသားရပ်ကွက်ထဲက အိမ်အဟောင်းတွေအားလုံးကို ဖျက်ပစ်ပြီး တိုက်တာအသစ်တွေ ဆောက်ပေးခဲ့တယ်။ မိသားစု…

25-10-2022-yyl-46.jpg

ဂျပန်ကုမ္ပဏီက အလိုအလျောက်ရေချိုးပေးမယ့် ရေချိုးစက် တီထွင်နေ

ရေချိုးခန်းနဲ့ မီးဖိုချောင်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ ဂျပန်နည်းပညာကုမ္ပဏီ Science Co. Ltd က လူသားတွေကို အလိုအလျောက် ရေချိုးပေးမယ့် ရေချိုးစက် တီထွင်နေပါတယ်။ Project Usoyaro လို့ အမည်ပေးထားတဲ့ စီမံကိန်းအရ ၂၀၂၄…

25-10-2022-yyl-42.jpg

နှစ် ၂၀၀ ကျော်အတွင်း ဗြိတိန်ရဲ့အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာမယ့် ရီရှီဆူနက်

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ရီရှီဆူနက်ဟာ နှစ် ၂၀၀ ကျော်အတွင်း ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။ ၁၈၁၂ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ လီဗာပူးနယ်စား ရောဘတ်ဘန့်ခ် (အသက် ၄၂ နှစ်အရွယ်တွင် ခန့်အပ်ခံရ)နောက်ပိုင်း ဆူနက်က…

25-10-2022-yyl-01.jpg

ပုရွက်ဆိတ်တစ်ကောင်ကို အနီးကပ်ရိုက်ချက်ဓာတ်ပုံ

ဒါဟာ ကြောက်မက်ဖွယ်ဇာတ်ကားထဲက ဇာတ်ကောင် မဟုတ်ပါဘူး။ ပုရွက်ဆိတ်တစ်ကောင်ကို အနီးကပ်ရိုက်ထားတဲ့ ဆုရဓာတ်ပုံပါ။ လစ်သူယေးနီးယား ဓာတ်ပုံဆရာ ယူဂျီးနီးယက်စ်က ရိုက်ခဲ့တာပါ။ အနီးကပ်ရိုက်ချက်တွေကနေ ဓာတ်ပုံပညာရဲ့ အကောင်းဆုံး အပိုင်းကို ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်ပြီး Nikon’s Small World…

25-10-2022-yyl-05.jpg

ကန္တာရကို ၇ နာရီအတွင်း စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပေးမယ့် ဒိန်းမတ်ကုမ္ပဏီ

နော်ဝေနိုင်ငံရဲ့ တက်သစ်စကုမ္ပဏီ Desert Control ဟာ ကန္တာရကို နာရီပိုင်းအတွင်း စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပေးနိုင်မယ့် Liquid NanoClay (LNC)ကို ဖန်တီးခဲ့ပါတယ်။စိုက်ပျိုးရေးသမားတွေဟာ သူတို့ရဲ့စိုက်ပျိုးမြေတွေ ဖြစ်ထွန်းအောင်မြင်စေဖို့ ရွှံမြေပက်ဖျန်းတာမျိုး လုပ်လေ့ရှိပါတယ်။ နိုင်းမြစ်ဝန်းကတော့ နှုန်းတင်မြေနုကြောင့် စိုက်ပျိုးသမျှ…