28-7-2020-yyl-007.jpg

သူတို့နိုင်ငံထဲဝင်ဖို့ ကြိုးစားနေတဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တွေကို အစ္စရေးစစ်တပ် ပစ်ခတ်တိုက်ခိုက်

သူတို့နိုင်ငံထဲ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တွေကို အစ္စရေးစစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ အစ္စရေးနိုင်ငံက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မောင့်ဒေါ့ဒေသနယ်စပ်ကို ဟစ်ဇ်ဘိုလာလက်နက်ကိုင် ၄ ယောက်က ဖြတ်သန်းဝင်ရောက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။…

28-7-2020-yyl-006.jpg

ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်မှာ Covid-19 ရောဂါပိုး တွေ့ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ အသက် ၅၄ နှစ်ရှိတဲ့ အိုဘရိုင်ယန်ဟာ သီးသန့်ခွဲခြားနေထိုင်ပြီး အိမ်ကနေ အလုပ်လုပ်နေသူပါ။ သူ့မှာ ရောဂါလက္ခဏာအနည်းငယ် ပြနေတယ်လို့ ဆိုပါတယ်။…

27-7-2020-yyl-047.jpg

ကိုဗစ်ကို တွန်းလှန်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ သူနာပြု ၁၆၄ ယောက်ကို ရည်ညွှန်းတဲ့ ဖိနပ် ၁၆၄ ရံ

ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့က လွှတ်တော်အဆောက်အအုံ မြက်ခင်းပြင်ပေါ်မှာ ချထားတဲ့ ဖိနပ် ၁၆၄ ရံကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွန်းလှန်တိုက်ခိုက်ပေးနေရင်း အသက်ပေးခဲ့ရတဲ့ သူနာပြုတစ်ယောက်စီတိုင်းကို ရည်ညွှန်းပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ သူနာပြုတွေက ကွယ်လွန်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေအတွက် အောက်မေ့သတိရ…

27-7-2020-yyl-046.jpg

ကပ်ရောဂါမပြီးဆုံးသေးလို့ မပေါ့မဆဘဲ သတိတရား လက်ကိုင်ထားကြစို့

၉၉ ရက်ကြာကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် လူနာသစ် မတွေ့ရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်းကူးစက် လူနာသစ် ၄ ယောက် တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းက ကမ္ဘာတစ်ဝန်းက နိုင်ငံတွေကို တပ်လှန့်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၀ ရှိပြီး…

27-7-2020-yyl-017.jpg

မြောက်ကိုရီးယားနိုင်ငံကို တစ်ကျော့ပြန်ခိုလှုံခဲ့တဲ့ အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်မရှိဘူးလို့ တောင်ကိုရီးယားနိုင်ငံ ပြော

တောင်ကိုရီးယားနိုင်ငံဘက်ကနေ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့တဲ့ အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမရှိဘူးလို့ တောင်ကိုရီးယားကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အဲဒီအမျိုးသားဟာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံထံ ထွက်ပြေးခိုလှုံခဲ့ပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ မြောက်ကိုရီးယားနိုင်ငံထံ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။…

27-7-2020-yyl-010.jpg

၉၉ ရက်ကြာ Covid-19 လူနာသစ်မတွေ့ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်းကူးစက် လူနာသစ် ၄ ယောက် တွေ့လို့ ထိန်းချုပ်မှုတွေ တိုးမြှင့် လုပ်ဆောင်နေရ

၉၉ ရက်တိုင်တိုင် ကိုရိုနာဗိုင်းရပ်စ် လူနာသစ်မရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာသစ် ၄ ယောက် တွေ့ရှိခဲ့ပြီးနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးစည်းမျဉ်းတွေကို တိုးမြှင့်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ နယ်စပ်ဒေသတွေကို…

27-7-2020-yyl-005.jpg

ဘောလုံးလောကကနေ အနားယူပြီလို့ အဲဗာတန်နောက်ခံလူ လေတန်ဘိန်းစ် ကြေညာ

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ အဲဗာတန်နောက်ခံလူ လေတန်ဘိန်းစ်က ဘောလုံးလောကကနေ အနားယူခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ အင်္ဂလန်နောက်ခံလူဟောင်း လေတန်ဘိန်းစ်ဟာ အဲဗာတန်အတွက် ပွဲ ၄၂၀ ကစားခဲ့ပြီး ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၉ ပွဲပဲ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ လေတန်ဘိန်းစ်ကို…

112409816_3318069628236266_2578155753482807603_o.png

ရီးရဲလ်အသင်း လေ့ကျင့်ရေးကွင်းကို လာရောက်ဖို့ မက်ဂရီဂေါ်ကို ရာမို့စ် ဖိတ်ခေါ်

သိုင်းပေါင်းစုံကစားသမား မက်ဂရီဂေါ်က အင်စတာဂရမ်ပေါ်မှာ သူ့ရဲ့ဘောလုံးစွမ်းရည် ပြသခဲ့ပြီးနောက်မှာတော့ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က မက်ဂရီဂေါ်ကို ရီးရဲလ်အသင်း လေ့ကျင့်ရေးကွင်းထံ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်အသင်း လေ့ကျင့်ရေးအစီအစဉ်မှာ ဂိုးသွင်းပြပြီးနောက် မက်ဂရီဂေါ်ရဲ့ နာမည်ကျော် အောင်ပွဲခံမှုပုံစံမျိုးလုပ်ပြပြီး တွစ်တာစာမျက်နှာကနေ…

27-7-2020-yyl-004.jpg

တောင်အာဖရိက အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကျဉ်းသား ၆၈ ယောက်လုံးကို ပြန်လည်ဖမ်းဆီးရမိ

တောင်အာဖရိကနိုင်ငံ အနောက်ပိုင်းကိတ်ပြည်နယ်ရှိ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကျဉ်းသား ၆၈ ယောက်လုံးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီလို့ အစိုးရက ကြေညာခဲ့ပါတယ်။ နှစ်ရက်ကြာ ပိုက်စိပ်တိုက် ရှာဖွေမှုလုပ်ခဲ့ပြီးနောက်မှာ ငြိမ်ဝပ်ပိပြားရေး ဖော်ဆောင်နိုင်ခဲ့တဲ့ အကျဉ်းထောင်အရာရှိတွေကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ မယ်မက်စ်ဘူရီအကျဉ်းထောင်မှာ လေ့ကျင့်ခန်းလုပ်ခွင့်ပေးတဲ့အချိန်မှာ အကျဉ်းသားတွေက…

27-7-2020-yyl-003.jpg

ချန်ဒူးမြို့ အမေရိကန် ကောင်စစ်ဝန်ရုံးကနေ အမေရိကန် သံအမတ်တွေ ထွက်ခွာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို တရုတ်အစိုးရက ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ကောင်စစ်ဝန်ရုံးထဲကနေ အမေရိကန်သံအမတ်တွေ ထွက်ခွာသွားခဲ့ပါပြီ။ ဇူလိုင်လ ၂၇ ရက်က နောက်ဆုံးသတ်မှတ်ထားချိန်မတိုင်ခင် နာရီပိုင်းအလိုမှာ ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက ဖိုင်ထည့်ထားတဲ့ပုံးတွေ၊ အမှိုက်ပုံးတွေ သယ်ဆောင်နေကြတာ…