22-5-2020-yyl-046.jpg

လက်ဆောင်ရတဲ့ မဲလက်မှတ်ကနေ ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆိုရဲ့ ယူရိုတစ်သန်းတန် ပန်းချီကား မဲပေါက်

အီတလီအမျိုးသမီးတစ်ယောက်ဟာ လက်ဆောင်ရတဲ့ မဲလက်မှတ်ကနေ ရန်ပုံငွေ မဲဖောက်ပွဲမှာ ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆိုရဲ့ ယူရိုတစ်သန်းတန် ပန်းချီကား မဲပေါက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ ခရစ္စတီးလေလံကုမ္ပဏီရဲ့ တိုက်ရိုက်မဲနှိုက်ပွဲ အခမ်းအနားမှာ မဲပေါက်ခဲ့တာပါ။ Care charity အတွက်…

22-5-2020-yyl-045.jpg

သြစတြေးလျကို တင်ပို့တဲ့ လက်သန့်ဆေးရည်ဘူးတွေထဲမှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိ

မူးယစ်ဆေးဝါးရောင်းဝယ်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အခွင့်ကောင်းယူပြီး သြစတြေးလျနိုင်ငံထံ လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်းတွေ တင်ပို့ရာမှာ မက်သမ်ဖီတာမင်းတွေ ထည့်သွင်းတင်ဆောင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း လိုအပ်ချက်အများဆုံးဖြစ်နေတဲ့ ပစ္စည်းတချို့ထဲမှာ မက်သမ်ဖီတာမင်းဆေး ၂ ကီလိုဂရမ် လျှို့ဝှက်ထည့်သွင်းလာတာကို…

22-5-2020-yyl-044.jpg

ခိုးယူခံရတဲ့ သားဖြစ်သူကို ၃၂ နှစ်အကြာမှာ ပြန်ဆုံစည်းခွင့်ရခဲ့တဲ့ မိဘနှစ်ဦး

တရုတ်ဇနီးမောင်နှံနှစ်ဦးဟာ ဟိုတယ်ဝင်ပေါက်မှာ ခိုးယူခံခဲ့ရတဲ့ သားကို ၃၂ နှစ်အကြာမှာ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဖခင်ဖြစ်သူ မော်ကျန်းကျင်က နှစ်နှစ်အရွယ် သားငယ် မော်ယင်ကို က‌လေးထိန်းကျောင်းကနေ သွားကြိုခဲ့ပါတယ်။ မော်ယင်က ရေဆာတယ်ပြောလို့ သူ့အဖေက ဟိုတယ်ဝင်ပေါက်မှာ…

22-5-2020-yyl-043.jpg

အိန္ဒိယဆေးရုံမှာ COVID-19 ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေထံကနေ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ် ၁၀၀ ကျော် မွေးဖွားနိုင်ခဲ့

အိန္ဒိယနိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့က ဆေးရုံတစ်ခုမှာ COVID-19 ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထံကနေ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ် ၁၀၀ ကျော် မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက လိုမန်ယာတီလက် အထွေထွေဆေးရုံမှာ ရောဂါပိုးရှိသူမိခင်တွေဆီကနေ ကလေးငယ် ၁၁၅ ယောက် မွေးဖွားပေးနိုင်ခဲ့ပြီး သုံးယောက်က…

22-5-2020-yyl-023.jpg

တရုတ်အစိုးရက ဟောင်ကောင်မြို့မှာ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းဖို့ အဆိုပြု

သွေးထိုးလှုံ့ဆော်မှု၊ ခွဲထွက်မှုနဲ့ အစိုးရပျက်စီးအောင် လုပ်ဆောင်မှုတွေကို တားမြစ်ပိတ်ပင်နိုင်တဲ့ လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်မြို့မှာ ပြဋ္ဌာန်းဖို့ တရုတ်နိုင်ငံက အဆိုပြုခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကို ဟောင်ကောင်မြို့ခံတွေကရော နိုင်ငံတကာကပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဟောင်ကောင်မြို့မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ…

22-5-2020-yyl-022.jpg

ဝေဟင်စောင့်ကြည့်ရေးသဘောတူညီချက်(The Open Skies)ကနေ အမေရိကန် နုတ်ထွက်

ဒါဇင်နဲ့ချီတဲ့ အဖွဲ့ဝင်နိုင်ငံတွေပေါ်မှာ လက်နက်မပါတဲ့ ဝေဟင်စောင့်ကြည့်ရေးခရီးစဉ်တွေ ပျံသန်းခွင့်ပြုတဲ့ အဓိကသဘောတူစာချုပ်ကနေ နုတ်ထွက်သွားမယ်လို့ အမေရိကန်နိုင်ငံက ကြေညာခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အကျုံးဝင်ခဲ့တဲ့ The Open Skies သဘောတူစာချုပ်ဟာ ယုံကြည်မှုအားကောင်းစေရေးနဲ့ တိုက်ခိုက်မှုတွေ မဖြစ်ပွားစေဖို့ ရည်ရွယ်ခဲ့တာပါ။…

22-5-2020-yyl-021.jpg

စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အနည်းဆုံး လူ ၈၄ ယောက် သေဆုံး

စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ အနည်းဆုံး လူ ၈၄ ယောက် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့မှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အမ်ဖန်မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး သစ်ပင်ထောင်ပေါင်းများစွာ…

21-5-2020-yyl-022.jpg

ကျောင်းသား ၂ ယောက်မှာ ရောဂါပိုးတွေ့ရှိလို့ တောင်ကိုရီးယား အထက်တန်းကျောင်း ၆၆ ကျောင်းကို နာရီပိုင်းအကြာမှာ ပြန်ပိတ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံရဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကတော့ ၃ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စာသင်ခန်းတွေထဲကို ပြန်ရောက်လာကြပါပြီ။ ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းထဲမဝင်ခင် အပူချိန်တိုင်းရပြီး ကျောင်းဝင်းထဲမှာလည်း နှာခေါင်းစည်းတပ်ထားရပါတယ်။ အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ရှိသူတွေ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ…

99123206_3135800093129888_372410425188286464_n.png

စက်ရုပ်တီထွင်တဲ့ အာဖဂန်နစ္စတန်မိန်းကလေးအဖွဲ့က ကားပစ္စည်းတွေသုံးပြီး တန်ဖိုးနည်း အသက်ရှူစက်တီထွင်နေ

အာဖဂန်နစ္စတန်နိုင်ငံမှာ မိန်းကလေးတွေနဲ့ စုဖွဲ့ထားတဲ့ စက်ရုပ်တီထွင်ရေးအဖွဲ့က ကားပစ္စည်းတွေသုံးပြီး ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် တန်ဖိုးနည်း အသက်ရှူစက် တီထွင်ပေးနေပါတယ်။ Afghan Dreamers လို့ လူသိများတဲ့ ဆယ်ကျော်သက်မိန်းကလေးအဖွဲ့ဟာ ၂၀၁၇ ခုနှစ် နိုင်ငံတကာပြိုင်ပွဲမှာ အထူးဆုဆွတ်ခူးခဲ့လို့ ကျော်ကြားလာခဲ့တာပါ။ သူတို့အဖွဲ့ဟာ…

21-5-2020-yyl-009.jpg

မက္ကဆီကိုကလပ်ရဲ့ ကစားသမား ၈ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

မက္ကဆီကိုကလပ် ဆန်းတို့စ်လာဂူနာအသင်း ကစားသမား ၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေရှိခဲ့ပါတယ်။ မက္ကဆီကိုအမှတ်ပေးဘောလုံးပြိုင်ပွဲ(Liga MX)ကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အချိန် ပြန်စမလဲလို့ ဆုံးဖြတ်နိုင်ဖို့ နီးစပ်နေချိန်မှာ အခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။ ရောဂါပိုးရှိနေတဲ့ ကစားသမားတွေရဲ့အမည်ကို ထုတ်ပြန်ခြင်းမရှိပေမဲ့…