ဘင်ဖီကာ ဗဟိုနောက်ခံလူ ရူဘင်ဒိုင်ယက်စ်ကို ပေါင် ၆၄ သန်းနဲ့ ခေါ်ယူလိုက်တဲ့ မန်စီးတီး

30-9-2020-yyl-018.jpg

မန်စီးတီးအသင်းဟာ ဘင်ဖီကာနောက်ခံလူ ရူဘင်ဒိုင်ယက်စ်ကို ပေါင် ၆၄.၃ သန်းနဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါပြီ။ အဲဒီအပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် မန်စီးတီးနောက်ခံလူ အော့တာမန်ဒီကတော့ ဘင်ဖီကာအသင်းကို ပေါင် ၁၃.၇ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

” ကျွန်တော်က နိုင်ပွဲတွေကို နှစ်သက်တဲ့ ကစားသမားပါ။ အသင်းအတွက်၊ ပရိသတ်တွေအတွက် ကစားပေးတဲ့ ကစားသမားမျိုးပါ။ မိသားစုစိတ်ဓာတ်ရှိတဲ့ ကစားသမားပါ။ မန်စီးတီးကို ရောက်လာချိန်ကတည်းက မိသားစုစိတ်ဓာတ်ရှိသလို ခံစားရပါတယ်။ မန်စီးတီးလို အသင်းမျိုးနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကစားရတာထက် ပိုကောင်းတဲ့အရာ မရှိတော့ဘူး” လို့ ရူဘင်ဒိုင်ယက်စ်က ပြောပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီရဲ့နေရာကို အစားထိုးနိုင်ခဲ့ခြင်းမရှိပါဘူး။ မန်စီးတီးဟာ ပြီးခဲ့တဲ့တစ်ပတ်က လက်စတာကို အိမ်ကွင်းမှာ (၂-၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးချိန်မှာ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ခပ်သွက်သွက် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top