yyl-18-012.jpg

နှစ်သက်တမ်း(၅၀၀)ရှိတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ပန်းချီကားကို ပဲရစ်မြို့ ပြတိုက်ထံ ပို့ဆောင်မယ်

အီတလီနိုင်ငံပြင်ပကို သယ်မသွားနိုင်အောင် ဥပဒေကြောင်းအရ ကြိုးပမ်းခဲ့ပေမဲ့ ကမ္ဘာကျော်ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီရဲ့ ဗီထရူဗီယန်အမျိုးသား(Vitruvian Man)ပန်းချီကားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လုဗ်ပြတိုက်ထံ ပို့ဆောင်ဖို့ ရှိနေပါတယ်။ လီယိုနာဒိုဒါဗင်ချီ ကွယ်လွန်တဲ့ နှစ်(၅၀၀)ပြည့် အထိမ်းအမှတ်အဖြစ် လုဗ်ပြတိုက်မှာ ပန်းချီပြပွဲ ကျင်းပဖို့စီစဉ်နေပါတယ်။…

yyl-18-011.jpg

ဟောင်ကောင်မြို့ ဆန္ဒပြခေါင်းဆောင်တစ်ဦး တူနဲ့ထုခံရလို့ ဆေးရုံရောက်

ဟောင်ကောင်မြို့ရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ယောက်ဟာ တူနဲ့ထုနှက်ခံခဲ့ရလို့ ဆေးရုံရောက်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Civil Human Rights Front(CHRF)အဖွဲ့ခေါင်းဆောင် ဂျင်မီရှမ်းဟာ သွေးအလိမ်းလိမ်းနဲ့ လမ်းပေါ်လဲကျနေတာ တွေ့ရပါတယ်။ ကာလွန်းကျွန်းဆွယ်၊ မုန်းကော့ခရိုင်မှာ တူတွေကိုင်ထားတဲ့ အမျိုးသား(၅)ယောက်က…

yyl-18-010.jpg

မြောက်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ပေါ် မြင်းစီးတက်ခဲ့တဲ့ ကင်ဂျုံအန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးတောင်ပေါ်ကို မြင်းစီးတက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ KCNA သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ဆီးနှင်းဖုံးလွှမ်းနေတဲ့ ပက်တူတောင်ပေါ်မှာ ကင်ဂျုံအန်က မြင်းဖြူကြီးကို စီးနေတာ တွေ့ရပါတယ်။ မီတာ ၂၇၅၀ မြင့်မားတဲ့ ပက်တူတောင်ပေါ်ကို…

yyl-18-009.jpg

အီဂျစ်နိုင်ငံမှာ ရှေးဟောင်းအခေါင်း ၂၀ ကျော် တွေ့ရှိ

အီဂျစ်နိုင်ငံက ရှေးဟောင်းပညာရှင်တွေဟာ လူဇွာမြို့အနီးကနေ ရှေးဟောင်းသစ်သားအခေါင်း ၂၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ဆေးရောင်မပြယ်သေးတဲ့ သစ်သားအခေါင်းတွေကို နိုင်းမြစ်အနောက်ဘက်ကမ်းပါးပေါ်မှာရှိတဲ့ အဆာဆစ်မြို့၊ သီဘန်သုဿန်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ သစ်သားအခေါင်းတွေကို ကန့်လန့်ဖြတ်ပုံစံ နှစ်ဆင့်ထပ်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အကြီးမားဆုံးနဲ့ အရေးအပါဆုံး…

yyl-18-008.jpg

ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ အခြေအနေစိုးရိမ်စရာမရှိ

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သမ္မတအိမ်တော်ဝင်းထဲမှာ ဆိုင်ကယ်ပတ်စီးနေတုန်း ပြုတ်ကျခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်စရာမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ အသက်(၇၄)နှစ်အရွယ်ရှိပေမဲ့ ဆိုင်ကယ်စီးရတာကို ဝါသနာထုံတဲ့ ဒူတာတေးဟာ အရင်တုန်းကလည်း ဆိုင်ကယ်စီးရာကနေ ဇက်မှာ သေရာပါ အာရုံကြောဒဏ်ရာရခဲ့ပြီး ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကို…

yyl-18-007.jpg

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ချိန်မှာ ဂျပန်ခိုလှုံရေးစခန်းက အိမ်ရာမဲ့အမျိုးသား(၂)ယောက်ကို မောင်းထုတ်

ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်(၆)ခုအတွင်း အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေတုန်း ခိုလှုံရေးစခန်းတစ်ခုက အိမ်ရာမဲ့အမျိုးသား(၂)ယောက်ကို မောင်းထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အားလပ်ရက်က ဂျပန်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ်တိုက်ခတ်လို့ တစ်နာရီ မိုင် ၁၄၀ နှုန်းအထိ လေပြင်းတိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။ အဲဒီအတွက်…

yyl-18-006.jpg

မြေအိုးထဲထည့်ပြီး အရှင်လတ်လတ် မြှုပ်ခံရတဲ့ ကလေးငယ် အသက်လုနေရ

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မြေအိုးထဲထည့်ပြီး အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတဲ့ ကလေးငယ်ဟာ အသက်လုနေတုန်းပဲလို့ သူ့ရဲ့ဆရာဝန်က ပြောပါတယ်။ ရွာသားတစ်ယောက်က အသေမွေးဖွားလာတဲ့ သူ့သမီးလေးကို မြေမြှုပ်ဖို့ မြေကျင်းတူးရာကနေ မြေကျင်းတိမ်တိမ်မှာ မြှုပ်ခံထားရတဲ့ မွေးကင်းစ မိန်းကလေးငယ်ကို တွေ့ရှိခဲ့တာပါ။ ”သူတို့က ၃…

yyl-17-018.jpg

ကြိုးဝိုင်းထဲမှာ ရရှိခဲ့တဲ့ ဦးနှောက်ဒဏ်ရာကြောင့် လက်ဝှေ့သမား ပက်ထရစ်ဒေး ကွယ်လွန်

အမေရိကန် လက်ဝှေ့သမား ပက်ထရစ်ဒေးဟာ ကြိုးဝိုင်းအတွင်းမှာရရှိခဲ့တဲ့ ဦးနှောက်ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ (၂၇)နှစ်အရွယ်ရှိတဲ့ ပက်ထရစ်ဒေးဟာ ပြီးခဲ့တဲ့စနေနေ့က အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမေရိကန်လက်ဝှေ့သမား ချားစ်ကွန်ဝဲလ်နဲ့ စူပါဝယ်တာဝိတ်တန်းပွဲစဉ် ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ရဲ့ (၁၀)ချီမြောက်ဟာ ချားစ်ကွန်ဝဲလ်ရဲ့ ဘယ်ဝိုက်လက်သီးကြောင့် ပက်ထရစ်ဒေး…

yyl-16-005.jpg

အင်္ဂလန်အသင်းကို လူမျိုးရေးခွဲခြားတဲ့ ဖြစ်ရပ်ကြောင့် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်

အင်္ဂလန်ကို (၆)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းရဲ့ လူမည်းကစားသမားတွေ လူမျိုးရေးခွဲခြားတဲ့ဖြစ်ရပ်ကြောင့် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မီဟာလော့ဗ်က ရာထူးက နုတ်ထွက် သွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဘူလ်ဂေးရီးယားအသင်း ပရိသတ်တွေက နာဇီပုံစံ အလေးပြုတာ၊ မျောက်သံပေးပြီး လူမျိုးရေးခွဲခြားတာတွေ လုပ်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က…

yyl-16-004.jpg

သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးဂျွမ်းဘားမယ် ဖြစ်လာတဲ့ ဆီမွန်ဘိုင်း

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ဂျွမ်းဘားပြိုင်ပွဲမှာ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့တဲ့ အမေရိကန်ဂျွမ်းဘားမယ် ဆီမွန်ဘိုင်းကတော့ သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး ဂျွမ်းဘားမယ် ဖြစ်လာခဲ့ပါပြီ။ သူဟာ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ဂျွမ်းဘားပြိုင်ပွဲမှာ အများဆုံးဆုတံဆိပ်(၆)ခုရနိုင်ခြေရှိတဲ့အနက် ဆုတံဆိပ်(၅)ခု…