ရယ်စရာအဖြစ်အပျက်တွေနဲ့ အရူးလုပ်ကြတဲ့နေ့ (April Fool’s Day)

fool0.jpg

April’s Fool Dayကို ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ တစ်ခါတရံ အဲဒီနေ့ကို All Fools’ Dayလို့ လည်း ခေါ်လေ့ရှိကြပါတယ်။ အဲဒီနေ့က အစိုးရရုံးပတ်ရက်၊ အထိမ်းမှတ်နေ့မဟုတ်ပေမဲ့ လူတိုင်းလိုလိုက ရယ်စရာအပြုအမူတွေ၊ မဟုတ်တမ်းတရား ကောလဟာလတွေနဲ့ အခြားသူတွေ တကယ်ထင်ရလောက်တဲ့ အဖြစ်အပျက်တွေကို ပုံစံအမျိုးမျိုးနဲ့ ရင်းနှီးတဲ့သူငယ်ချင်း၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အရူးလုပ်ကြလေ့ရှိပါတယ်။ ဧပြီ (၁)ရက်နေ့ နဲ့ အရူးလုပ်ခြင်းတွေ ဆက်စပ်နေတဲ့ပထမအစက Geoffrey Chaucer’s The Canterbury Tales (၁၃၉၂) စာအုပ်မှာ ပါဝင်တဲ့ပုံပြင်တွေကြောင့်ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် နယူးဇီလန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ယူကေ၊ သြစတေးလျနိုင်ငံ၊ တောင်အာဖရိကနိုင်ငံတွေမှာ နေ့လည်မွန်းတည့်ချိန်ထိသာ နောက်ပြောင်လေ့ရှိကြပါတယ်။ တချို့ယဉ်ကျေးမှုမှာဆိုရင် ဧပြီ (၁) ရက်နေ့ နေ့လည်မွန်းတည့်ချိန်ထိသာ နောက်ပြောင်ကြရပြီး အဲဒီအချိန်ကျော်သွားပြီးမှ နောက်ပြောင်ဖို့ကြိုးစားရင် အဲဒီသူက ကံမကောင်းမှုတွေကို ဖိတ်ခေါ်နေတယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီနေ့မှာ ရယ်စရာဟာသတွေနဲ့ နောက်ပြောင်ခဲ့တဲ့သူကို ပြန်လည်ခွန်းတုံ့မပြန်ခဲ့တဲ့သူကလည်း ကံမကောင်းမှုကို ဖိတ်ခေါ်နေတယ်လို့လည်း ယုံကြည်ကြပါတယ်။ သင်ဟာ အရူးလုပ်ခံလိုက်ရင်တော့ အဲဒီနေ့ကုန်ဆုံးသွားတာနဲ့ နောက်ဆုံးမှာ သင်ဟာ တုံးအဆုံးသူတစ်ယောက်ဖြစ်သွားပါတယ်။

April’s Foolနဲ့ပတ်သက်ပြီး အယူသည်းခြင်း

တချို့လူတွေ April’s Foolနဲ့ ပတ်သက်ပြီး အယူသည်းကြတာကတော့

(၁) ချစ်စရာကောင်းတဲ့အမျိုးသမီးရဲ့ အရူးလုပ်တာကို ခံရတဲ့ အမျိုးသားက အဲဒီအမျိုးသမီးနဲ့လက်ထပ်ရတယ်လို့ ပြောကြပါတယ်။ လက်မထပ်ဖြစ်ရင်တောင် အနည်းဆုံးတော့ သူမနဲ့ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းဆက်ဆံရေးဖြစ်သွားတာပါပဲ။

(၂) April Fool’s Dayမှာလက်ထပ်ခြင်းက သတို့သားကို သတို့သမီးက အမြဲတမ်း လွှမ်းမိုးသွားမယ်လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။

(၃) April Fool’s Dayမှာ မွေးဖွားတဲ့ ကလေးတွေက လောင်းကစားမှအပ အခြားအရာအားလုံးမှာ ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။

ကဲ…ရိုးရာလေးပရိသတ်တွေကော ဒီကနေ့ April Fool’s Dayမှာ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အရူးလုပ်တာကို ခံလိုက်ရပြီလား။ ဒါမှမဟုတ် ကိုယ်ကပဲ အရူးလုပ်လိုက်တာလား။

Ref: Wiki & TOI
WL (ရိုးရာလေး)
 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top