အင်္ဂလိပ်ဘာသာနဲ့ ပြောရင် အနေအေးတာကို introvert လို့ ခေါ်တယ်။ ၎င်းရဲ့သဘောသဘာဝက အေးအေးဆေးဆေး နေရတာကို နှစ်သက်တယ်…။ ဘွင်းဘွင်းပျော်ပျော် နေတတ်သူ extrovert တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ လူ့သဘာဝအရ အနေအေးတတ်တာကြီးပဲ မဟုတ်သလို ပျော်ပျော်နေတတ်နေတာကြီးပဲမဟုတ်ပါဘူး။ လူအားလုံးက ထိုအကျင့်စရိုက် နှစ်ခုစလုံး များသောအားဖြင့် ပိုင်ဆိုင်ထားကြပါတယ်။ သို့သော်လည်း အနေအေး တတ်တဲ့စရိုက်ကို ပိုင်ဆိုင်ထားကြတဲ့ လူအနည်းစုရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၂၅ ကနေ ၄၀ လောက်ရှိကြတယ်။ လူအတော်များကတော့ ဒီလိုအကျင့်စရိုက်နေတတ်သူကို နည်းနည်း အထင်လွဲတတ်တာရှိတယ်…။ သေချာတာကတော့ အနေအေးတတ်ခြင်းဟာ လူတောမတိုးရဲ တာမဟုတ်သလို ရှက်ကြောက်တတ်ခြင်းလည်းမဟုတ်တဲ့အပြင် အ တာလည်းမဟုတ်ပါဘူး။
အတွင်းစွဲဘာ၀ (အနေအေး) တဲ့ အမူအကျင့်ဟာ လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး (အကျင့်) များထဲက တစ်ခုပဲဖြစ်တယ်။ ဒီအမူအကျင့်ကတော့ ပျော်ပျော်နေတတ်တဲ့အမူအကျင့်နဲ့ မတူပဲ ဆန့်ကျင်ဘက် တစ်ဖက်အစွန်းဆုံးမှာ ရှိနေတာပဲဖြစ်တယ်။ လူအများစုကတော့ အစွန်းဘက်နှစ်ဖက်မဟုတ်ဘဲ ထိုအကျင့်စရိုက်နှစ်ခုရဲ့ အလည်ခေါင်မှာရပ် တည် နေကြတယ်။အတွင်းစွဲဘာ၀ ရှိသူတွေဟာ အနေအေးတာ သဘာ ဝပဲဖြစ် တယ်။အနေ တည်ကြည်တယ်။ မိမိတို့ ကိုယ်တိုင် အတွေးတွေနဲ့ လွန်နေတတ်တယ်…။ တွေးတောနေ တာကိုကြိုက်တယ်။ ဘွင်းဘွင်းပျော်ပျော်နေတတ်သမားလို လူအများနဲ့ ပြောနေ ဆိုနေတတ်မှပျော်နေတာမဟုတ်ပဲ အနေအေးတဲ့လူတွေက လူတောမှာနေရရင် ပိုပြီးတော့ အားအင်းထုတ်ယူကြရတယ်…။ အများနဲ့ လိုက်လျှောအော်နေပေးရလို့ ဥပမာ ပွဲလမ်းသဘင် အစည်းအေဝးတွေပြီးရင် သူတို့တွေက တစ်ယောက် တည်း နေပြီး အနားယူကာ အားအင်ပြန်ယူ ရတယ်…။
အကြောင်းရင်းများ
ဘာကြောင့်လူတွေထဲမှာ အနေအေးတဲ့လူတွေရှိသလို ပျော်ပျော်နေ တတ်တဲ့လူတွေရှိ ရလဲဆိုတာကို သိချင်ရင် မိမိတို့ရဲ့ ကိုယ်ခန္ဓာ လုပ်ဆောင်လည်ပတ်ပုံကိုသိရမှာဖြစ်တယ်။ မိမိတို့ရဲ့ ကိုယ်တွင်း ခန္ဓာကိုယ်က ပြင်ပအရာတွေ မည်သို့မည်ပုံ တုံ့ပြန် တတ်လေ့ရှိတယ်အပေါ်မူတည်ပြီး အတွင်းစွဲဘာ၀ နေတတ်တဲ့ သူလား ဘွင်းဘွင်း ပျော်ပျော်နေတတ်တဲ့ သူလာဆိုတာသိနိုင်မယ်။ လူတိုင်းမှာ ပြင်ပအရာတွေပေါ်တုံ့ပြန်မှု ဟာ မိမိတို့ ရဲ့ အာရုံကြော စနစ်လုပ်ဆောင်ချက် တွေကြောင့်ကွာခြားတတ်တယ်။ တချို့လူတွေက ပြင်ပအရာတွေအပေါ်ပိုမိုတုံ့ပြန်နိုင်ပေမယ့် အချို့လူတွေကတော့ အားနည်း တတ်ကြတယ်။ ဒီအချက်တွေကြောင့် အနေအေးတဲ့လူတွေမှာ ပြင်ပအရာတွေအ ပေါ်တုံ့ပြန်မှုအားကောင်းတယ်…။ ပိုပြီး အထိမခံနိုင်ဖြစ်တယ်…။ အမြဲတမ်း ဆူညံ ကျယ်လောင်သံတွေ မရှိတဲ့နေရာကိုပဲ ရှာနေတတ်လေ့ရှိတယ်။ အတွင်း အာရုံခံ အားစနစ်ကောင်းပြီး မြန်ဆန်တတ်ကြလို့ အမြဲတမ်း သတိဝိယိရနဲ့နေတတ်တယ်။ ဒီလိုတစ်ယောက်တည်းနေပြီးသွားရင် အားအင်တွေပြန်တက်လာကာ ပိုပြီး ဖြစ်ခဲ့ တဲ့ အရာတွေပေါ်မှာ ဆန်းစစ် သင်ယူလေ့ရှိတယ်။
စိတ်ပညာရှင် Hans Eysenck အကြံပြုထားထားတာကတော့ လူတွေမှာ ပုံမှန်အားဖြင့် စိတ်နိုးထမှု (သို့) နိုးဆွမှု ဒီဂရီ မတူညီကြပါဘူး။ လူတွေမှာ ၁၅ ရာခိုင်နှုန်း လောက်ဟာ စိတ်နိုးဆွနိုင်မှု ဒီဂရီ နည်းပါးကြတယ်။ နောက်ထပ် ၁၅ ရာခိုင်နှုန်းသော လူတွေသာ စိတ်နိုးဆွနိုင်မှု ဒီဂရီ မြင့်ကြပါတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းသောလူများမှာတော့ စိတ်နိုးဆွနိုင်မှု အလည်အလတ်မှာသာ ရှိနေကြတာဖြစ်ပါတယ်။
ဆက်လက်ပြီး စိတ်ပညာရှင် Hans Eysenck ရဲ့ သီအိုရီအရ အနေအေးတဲ့သူ တွေမှာ များသောအားဖြင့် သဘာဝအတိုင်း စိတ်နိုးဆွမှု ဖြစ်ပေါ်ရာ၌အားကောင်းတတ်ကြတယ်။ အဘယ်ကြောင့်ဆိုသော် သူတို့တွေအနေနဲ့ နိုးဆွမှုကို အမြဲတမ်း တွေ့ကြုံခံစား ရလေ့ရှိသောကြောင့်ဖြစ်သည်။ အထူးသဖြင့် သူတို့ဟာ ဆူဆူပူပူဖြစ်နေတဲ့ ပတ်ဝန်းကျင်ကနေ ထွက်ပေါက်ဖြစ်စေနိုင်တဲ့ နေရာ နဲ့ သွားလာလှုပ်ရှားမှုတွေကို ရှာဖွေရာမှာအားကောင်းကြပါတယ်။ အနေအေးသူတွေအနေနဲ့ ယင်းတို့မှာ နိုးဆွမှု အားကောင်းလို့ ဘေးပတ်ဝန်းကျင်က အချက်အလက်နဲ့ အကြောင်းအရာတွေကို ရယူရာမှာ အားကောင်းကြတယ်။
သာမန်ဖြစ်လေ့ရှိတဲ့ လက္ခဏာများ
သင့်အနေနဲ့ ဘယ်သူက အနေအေးလဲ ပျော်ပျော်နေတတ်လဲခွဲခြားသိနိုင်ပါသလား…။ သင့်တွေ့နေကျလို အနေအေးတဲ့လူတွေက လူတွေနဲ့ အပေါင်းအသင်းသိပ်မလုပ်ဘူးဟု တစ်ထစ်ချထင်နေနိုင်ပေမယ့် သူတို့တွေမှာ မတူကွဲပြားတဲ့ လက္ခဏာတွေရှိနေကြတယ်။ ဥပမာ တစ်ချို့အနေအေးတဲ့လူတွေက အပေါင်းအသင့်ဆန့်တယ်။ ပျော်ပျော်နေတတ်ပြီး အချိန်တန်ရင် တစ်ယောက်တည်း စာအုပ်ဖတ်အနားယူတတ်လေ့ရှိတယ်ဆိုတာကိုတော့ ငြင်းမရပါဘူး။ သင့်နဲ့ အတူ သွားအတူစား စကားပြောများတဲ့ လူတွေတောင် အနေအေးတဲ့စာရင်းမှာပါနေတယ်ဆိုတာ သင်သိပါသလား…။
အောက်ပါအချက်တွေကတော့ အနေအေးတဲ့ အတွင်းစွဲဘာ၀ ရှိတဲ့သူတွေရဲ့ သဘာ၀ လက္ခဏာတွေပဲဖြစ်တယ်။
၁။လူတောမှာသွားလာနေထိုင်ခြင်းကြောင့်အားအင်တွေလျှော့နည်း ကုန်ခန်းလာစေတယ်။
လူအများနဲ့ အချိန်ယူပြီတဲ့အချိန်မှာ မောပန်းတတ်မှုဖြစ်ဘူးလား။ တစ်နေကုန်လူတောမှာ သွားလာပြီနောက် တစ်ယောက်တည်း မိမိကိုယ် အနားယူးဖူးလား…။ ဘာကြောင့်လဲ ဆိုတော့ လူတောရောက်သွားရင် အနေအေးတဲ့လူတွေမှာ အားအင်ပို ထုတ် လုပ်ရတဲ့အတွက်ကြောက်ဖြစ်တယ်။ သို့သော်လည်း အနေအေးတဲ့ လူတိုင်းကတော့ လူတောမတိုးတာကို မဆိုလိုပါဘူး။ အနေအေးတဲ့လူတွေမှာ ခင်မင်ရတဲ့သူငယ်ချင်းတွေနဲ့ အချိန်ကုန်ရတာကို နှစ်သက်တယ်။ ဘွင်းဘွင်းနေတတ်တဲ့လူတွေကတော့ အမြဲမိတ်သစ် ဆွေသစ်ဖွဲ့မယ်… လူတွေနဲ့ ရောနောနေထိုင်ရတာကို နှစ်သက်ကြတယ်။ ထို့နည်းနဲ့ မတူ အနေအေးတဲ့ လူတွေမှာတော့ ရင်းနှီးမိတ်ဆွေတွေနဲ့ပဲ အချိန်ပေးလေ့ရှိတယ်။
၂။လူသူဝေးရာ နေရာတွေကို ခုံမင်နှစ်သက်တယ်။
အနေအေးသူမို့ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ တစ်ယောက်တည်းနေပြီး မိမိစိတ်ပါဝင်စားတဲ့အရာတွေကိုလုပ်လေ့ရှိတယ်။ တစ်ယောက်တည်း နေပြီး စာအုပ်ဖတ် တာ၊ အပြင်းပြေလမ်းလျှောက်ထွက်တာ၊ တီဗီကြည့်ပြီးအချိန်ဖြန်းခြင်းဖြင့် အားအင်တွေကို ပြန်လည်ပြည့်ဝလာစေတယ်။ ဒီလိုဆိုလိုက်လို့ အနေအေးတဲ့ လူတွေက တစ်ယောက် တည်းချည်း နေတာကြိုက်တယ်မဆိုလိုပါဘူး။ အနေအေးသူအ တော်များများလည်း သိတဲ့အပေါင်းအသင်းတွေနဲ့ သွားလာလှုပ်ရှား တတ်လေ့ရှိ တယ်ဆိုတာမမေ့ပါနဲ့။ သူတို့ရဲ့အကျင့်ကတော့ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံလို့ပြီးတာနဲ့ တစ်ယောက်တည်းနေပြီး အားအင်ပြန်ယူလေ့ရှိပါတယ်။ တစ်ယောက်တည်းနေတတ် တာကို ခုံမင်တယ်ဆိုရင်တော့ သင်ဟာလည် အနေအေးတဲ့ လူဆိုတာပြောလို့ရပါတယ်။
၃။ သင့်မှာ ခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်း အနည်းငယ်ရှိတယ်။
အနေအေးတဲ့လူတိုင်း လူတွေနဲ့ နေတာမကြိုက်ဘူးဆိုပြီး မဟုတ်ပါဘူး။ လူအများနဲ့ နေရာတာမပျော်ပိုက်ပေမယ့် သူတို့ခင်မင်ရတဲ့ လူတွေနဲ့ အချိန်ကုန်ရတာကို တော့နှစ်သက်ကြ လေ့ရှိပါတယ်။ မိတ်ဆွေအပေါင်းအသင့် မဆန့်ပေမယ့် အနေအေးတဲ့ သူတွေမှာ သူတို့နဲ့ စိတ်တူကိုယ်တူနေတတ်တဲ့ ခင်မင်ရတဲ့ မိတ်ဆွေတွေရှိပြီ ထိုသူတို့နဲ့ပဲ ရေရှည်ပေါင်းသင်းတတ်လေ့ရှိတယ်။ အနေအေးတဲ့ လူတွေကတော့ မိတ်ဆွေသူ ငယ်ချင်းအပေါင်း အသင်းကို ပျော်ပျော်နေတတ်သူတွေလိုမဟုတ်ပဲ ဂရုစိုက်ပြီးရွေးချယ် ပေါင်းသင့်လေ့ရှိတယ်..။ သင့်မှာ ရင်းနီးတဲ့မိတ်ဆွေသူငယ်ချင်း အနည်းငယ်ပဲရှိတယ် ဆိုရင်တော့ အနေအေးတဲ့လူဆိုတာသိလို့ရပါပြီးနော်။
၄။ လူတွေက သင့်ကိုအနေအေး တယ်လို့ဆိုကြမယ်။ သင့်ကို ခက်ခက်ခဲခဲ ပေါင်း သင်းမိတ်ဖွဲ့ရမယ်။
အနေအေးတဲ့ လူတွေမှာတော့ တိတ်ဆိတ်နေတတ်တယ်။ နူးညံ့သိမ်မွေ့တယ်။ အရမ်းအေးတိအေးစက်ရှိကြလို့ ရှက်ကြောက်တတ်ကြတယ်လို လူတွေထင်ကြတယ်။ အချိုသော အနေအေးတဲ့ လူတွေကတော့ အမှန်တကယ်ကို ရှက်တတ်ကြတယ်။ ဒါကို အနေအေးတဲ့ လူတိုင်း ရှက်တတ်တယ်လို့တော့ မထင်သင့်ပါဘူး။ ဆိုတော့ သူတို့ဟာ မလိုလားအပ်တဲ့ မပြောသင့်မပြောထိုက်တဲ့ အရာတွေအပေါ်မှာအချိန်ကုန်ခံပြီး ပြောဆိုလေ့မရှိပါဘူး။
၅။နိုးကြားတက်ကြွစေတဲ့အရာတွေကသင့်ကိုအာရုံနောက်ပြီးအနှောင့်အယှက်ဖြစ်စေတယ်။
အနေအေးတဲ့လူတွေက လှုပ်ရှားမှုများတဲ့ လုပ်ငန်းတွေ၊ အငြိမ်မနေရတဲ့ အရာတွေက သူတို့ကို စိတ်ညစ်စေတယ်။ အာရုံနောက်စေတယ်။ သူတို့တွေက အရမ်းကို စိတ်အနှောက်အယှက်ဖြစ်လွယ်ပါတယ်။
၆။ မိမိအနေနဲ့ အသိစိတ်ပိုရှိတယ်။
မိမိတို့ရဲ့ အတွင်းစိတ်ကို ပိုမိုသိတဲ့ အလျောက် အနေအေးတဲ့လူတွေဟာ အခြားသူတွေထက် အသိစိတ်ပိုရှိတယ်။ ကိုယ်ဘာကို စိတ်ပါဝင်စားတယ်၊ ဘာလုပ်ချင်လဲ၊ ဘာကြိုက်တတ်လဲ.. စတဲ့ လုပ်ဆောင်ချက်တိုင်းမှာ မိမိကိုယ် ကိုယ် စိတ်ဝင်စားတဲ့ မြင့်တင်စေတဲ့ အရာတွေကိုပိုမိုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ မိမိစိတ်ကို ပိုသိပြီး နားလည်တတ်ကြလို့ ကိုယ့်ရဲ့ ဝါသနာ၊ လုပ်ချင်တဲ့အလုပ်ကိုပိုမိုသိရှိတတ်တယ်။
၇။ မျက်မြင်လေ့လာခြင်းဖြင့် သင်ယူရတာကို နှစ်သက်တယ်။
ဟောဟောဒိုင်းဒိုင်းလုပ်ရတာကို မကြိုက်တတ်။ စူးစမ်းလေ့လာပြီး အရာတွေမည်သို့မည်ပုံ လုပ်ရတာကို ကြည့်ရှုပြီး သင်ယူရတာကို ပိုလိုလားတယ်။ ဒီလိုအပြုအမူတွေ ကသူတို့အတွက် ပိုလိုအပ်တယ်။ သူတို့ဟာ လုပ်ဆောင်ပုံတွေကို ထပ်ခါထပ်ခါကြည့်ရှုပြီးမှ မိမိကိုယ်တိုင် ပြန်လည်လုပ်ကိုင်လေ့ရှိတယ်။ သူတို့ရဲ့ ဘဝအတွေ့အကြုံတွေကနေလဲ သင်ယူပြီး လွတ်လပ်စွာ တတ်ကျွမ်းမှုတွေ ကိုယ်တိုင်မွန်းမံ တတ်လေ့ရှိတယ်။
၈။ လွတ်လပ် ပေါ့ပါးစွာလုပ်ဆောင်ရတဲ့ အလုပ်တွေအပေါ် ပိုခုံမင်တယ်။
လွတ်လပ်စွာလုပ်ကိုင်ရတဲ့အလုပ်တွေကို လုပ်တာရကိုနှစ်သက်တယ်။ ဥပမာ စာရေးတာ၊ ကွန်ပြူတာပရိုဂရမ်မာ၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ ဆေးရောင်းတဲ့အလုပ်၊ နဲ့ အနုပညာအလုပ်တွေကို လည်းလုပ်ရတာနှစ်သက်ပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင် အနေအေးခြင်းသည် ရှက်ကြောက်ခြင်းနဲ့ မဆိုင်ပါဘူး။ ရှက်ကြောက်ခြင်းသည် လူတွေနဲ့ ပတ်သက်ရခြင်း နဲ့ လူမှုအသိုင်းအဝိုင်း ကြားတွင်နေထိုင်ရတာကို ကြောက်ရွံ့တာဖြစ်ပြီး အနေအေးခြင်းကတော့ လူမှုအသိုင်းအဝိုင်းနဲ့ ပေါင်းသင်းမှု လုပ်တာကို မကြိုက်နှစ်သက်တာဖြစ်တယ်။ သို့သော်လည်း အနေအေးသောသူများဟာ ခင်မင်ရတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာကိုတော့ ကြိုက်ကြပါတယ်။ ဒါကြောင့် အတွင်းစွဲ ဘာ၀ (သို့) အနေအေးရခြင်းသည် မာနကြီးခြင်းမဟုတ်၊ ရှက်ကြောက်ခြင်းမဟုတ်၊ စိတ်ကြီးဝင်ခြင်းမဟုတ်၊ ခွဲခြားဆက်ဆံခြင်းမဟုတ် ကြောင်းကို သိရှိနားလည်းသင့်ပါတယ်။
ကဲဒါဆိုသင့် ရဲ့ အကျင့်စရိုက်ကို သင်သိပြီလားဆိုတာ ဆန်းစစ်လိုက်ပါနော်။
Ref: Verywellmind
TharHtoo (ရိုးရာလေး)