ဘာစီလိုနာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နူးကမ့်ကွင်းအမည် အသုံးပြုခွင့် စပွန်ဆာစာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အိမ်ကွင်းဟာ ၁၉၅၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ချိန်ကတည်းက နူးကမ့်ကွင်းလို့ပဲ ခေါ်ဆိုခဲ့တာဖြစ်ပြီး အမည်အသုံးပြုခွင့် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ခြင်းမရှိပါဘူး။
ဘာစီလိုနာအသင်းက ၂၀၂၀-၂၀၂၁ ရာသီမှာ နျူးကမ့်ကွင်းအမည် အသုံးပြုခွင့်နဲ့ပတ်သက်ပြီး ဘာကာဖောင်ဒေးရှင်းကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ” စပွန်ဆာစာချုပ်ကနေ ရလာတဲ့ ငွေကြေးကို ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေနဲ့ သုတေသနစီမံကိန်းတွေအတွက် အသုံးပြုသွားမှာပါ”လို့ ဘာစီလိုနာအသင်းက ဆိုပါတယ်။ စပိန်နိုင်ငံဟာ COVID-19 ကြောင့် သေဆုံးသူ ၂၀၀၀၀ အထက်ရှိတဲ့ ကမ္ဘာ့နိုင်ငံ ၄ နိုင်ငံအနက် တစ်နိုင်ငံဖြစ်ပါတယ်။
Nz (ရိုးရာလေး)