ချန်ပီယံလိဂ်ဖလားကို (၆) ကြိမ်မြောက်ဆွတ်ခူးခဲ့တဲ့ လီဗာပူး

61617005_2359973217379250_1118857792564756480_n.jpg

မက်ဒရစ်မြို့က All-English Final မှာတော့ လီဗာပူးက စပါးကို (၂) ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို (၆) ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ ပွဲချိန် (၁) မိနစ်မှာကတည်းက မာနေးရဲ့ကန်ချက် ဆစ်ဆိုခိုလက်ထိခဲ့လို့ လီဗာပူး ပင်နယ်တီရခဲ့ပြီး ဆာလာက ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

မာနေးရဲ့ကန်ချက် ဆစ်ဆိုခိုလက်ထိခဲ့လို့ လီဗာပူး ပင်နယ်တီရခဲ့ပြီး ဆာလာက ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းခဲ့

စောစောစီးစီး ဂိုးပေးလိုက်ရပေမဲ့ စပါးအသင်း ကစားပုံပျက်မသွားခဲ့ပါဘူး။ ဒါပေမဲ့ လီဗာပူးခံစစ်ကြောင်းက ကျစ်ကျစ်လျစ်လျစ်ကစားနိုင်ခဲ့လို့ စပါးတိုက်စစ်က လီဗာပူးဂိုးသမား အလစ်ဆန်ကို စမ်းသပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဟာရီကိန်းက ဘောလုံး (၁၁) ကြိမ်ပဲထိခဲ့ပါတယ်။ ရောဘတ်ဆန်ရဲ့ကန်ချက်ကို ဟူဂိုလိုရစ် ပုတ်ထုတ်နိုင်ခဲ့လို့ ပထမပိုင်းမှာ စပါး ဂိုးထပ်မပေးခဲ့ရတာပါ။

ပထမပိုင်းမှာ ရေကူးဝတ်စုံဝတ်ဆင်ထားတဲ့ ရုရှားမော်ဒယ်တစ်ယောက် ကွင်းထဲကိုဝင်ပြေးလာပြီး သူ့ချစ်သူရဲ့ အပြာဝက်ဘ်ဆိုက်ကို ကြော်ငြာဝင်ခဲ့လို့ လုံခြုံရေးတွေလိုက်ဖမ်းခဲ့ရတဲ့ဖြစ်ရပ်ကလည်း ရယ်အားထက် ငိုအားသန်ဖြစ်စေခဲ့ပါတယ်။

ပထမပိုင်းမှာ ရေကူးဝတ်စုံဝတ်ဆင်ထားတဲ့ ရုရှားမော်ဒယ်တစ်ယောက် ကွင်းထဲကိုဝင်ပြေးလာပြီး သူ့ချစ်သူရဲ့ အပြာဝက်ဘ်ဆိုက်ကို ကြော်ငြာဝင်ခဲ့လို့ လုံခြုံရေးတွေလိုက်ဖမ်းခဲ့ရ

ဒယ်လီအလီရဲ့ ပွဲချိန် (၇၃) မိနစ် ကန်ချက်က ဒီပွဲမှာ စပါးအသင်း ပထမဆုံးဂိုးပေါက်တည့်တဲ့ကန်ချက်ပါ။ ပွဲချိန် (၈၀) မှာ ဟောင်မင်ဆန်ရဲ့ကန်ချက်ကို အလစ်ဆန် ပုတ်ထုတ်နိုင်ခဲ့သလို လူးကပ်စ်မိုရာရဲ့ကန်ချက်ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် (၈၄) မိနစ်မှာ အဲရစ်ဆင်ရဲ့ကန်ချက်ကို အလစ်ဆန် ပုတ်ထုတ်နိုင်ခဲ့သလို နောက်တစ်မိနစ်အကြာမှာ လူးကပ်စ်မိုရာ အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့ ဘောလုံးနဲ့မထိခဲ့ပါဘူး။

စပါးအသင်းရှင်းထုတ်လိုက်တဲ့ ဘောလုံးကို မာတစ်ရသွားပြီး ဂိုးဧရိယာ ဘယ်ဘက်ခြမ်းမှာရှိနေတဲ့ အိုရီဂီထံထိုးပေးရာမှာ အိုရီဂီက ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းခဲ့လို့ လီဗာပူး ဒုတိယဂိုးရခဲ့

ပွဲချိန် (၈၇) မိနစ်မှာ ထောင့်ကန်ဘောကနေ စပါးအသင်းရှင်းထုတ်လိုက်တဲ့ ဘောလုံးကို မာတစ်ရသွားပြီး ဂိုးဧရိယာ ဘယ်ဘက်ခြမ်းမှာရှိနေတဲ့ အိုရီဂီထံထိုးပေးရာမှာ အိုရီဂီက ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းခဲ့လို့ လီဗာပူး ဒုတိယဂိုးရခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျိုးမာတစ်နဲ့ ဘောလုံးယှဉ်လုရင်း လဲကျခဲ့တဲ့ ဟာရီကိန်းက ပင်နယ်တီတောင်းပေမဲ့ ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့ပါဘူး။ မိနစ်ပိုင်းအကြာမှာ ဟာရီကိန်းရဲ့ကန်ချက်ကိုလည်း အလစ်ဆန် ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၃၅.၄) ရာခိုင်နှုန်းပဲရှိခဲ့တဲ့ လီဗာပူးဟာ ၂၀၁၀ ပြည့်နှစ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခဲ့တဲ့ မော်ရင်ဟိုရဲ့ အင်တာမီလန်အသင်းနောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနည်းပြီး နိုင်ပွဲရတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။ လီဗာပူးနည်းပြ ဂျာဂန်ကလော့ဟာလည်း အသင်းအတွက် ချန်ပီယံလိဂ်ဖလား/ဥရောပဖလား ဆွတ်ခူးပေးနိုင်တဲ့ စတုတ္ထမြောက်နည်းပြ ဖြစ်လာပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top