တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းက လူဦးရေ (၆၃၀၀၀) ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရ

image.jpg

ပုံစာ- ပြီးခဲ့တဲ့ မေလ (၁၇) ရက်နေ့မှာ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်က ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေခဲ့ရပါတယ်။

ရန်ကုန်၊ စက်တင်ဘာ (၂၂)

စစ်ကိုင်းတိုင်းဒေသကြီးက လူဦးရေ (၆၃၆၀၀) ဝန်းကျင်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများဟာ စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲ့ နေရာအတော်များများမှာ မြန်မာတပ်မတော်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၄) ရက်နေ့မှာ အိုးအိမ်စွန့်ခွာပြေးရသူ လူဦး‌ရေ စုစုပေါင်း (၄၅,၀၀၀) ဝန်းကျင်ရှိခဲ့ပြီး စက်တင်ဘာ (၈) ရက်နဲ့ (၁၃) ရက်ကြားမှာ မူလနေထိုင်ရာ နေရာကို ပြန်လည်ရောက်ရှိသွားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ (၇) နဲ့ (၁၀) ရက်အတွင်းမှာ ကလေး၊ ကနီနဲ့ မြောင်မြို့နယ်က လူဦးရေ (၁၈,၆၀၀) ဝန်းကျင်ဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေတွေဟာ တိုက်ပွဲ၊ လုံခြုံရေးအခြေအနေ၊ မုတ်သုံမိုးနဲ့ ကိုဗစ်-၁၉ ရောဂါတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေပြီး လူဦးရေ စုစုပေါင်း (၃) သန်း ဝန်းကျင်ဟာ အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေ လိုအပ်နေပါတယ်။

Photo- CJ
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top