နားအေးပါးအေး ကားစီးချင်သူတွေအတွက် “တိတ်ဆိတ်မှုစနစ် – Quiet Mode” ကို မိတ်ဆက်လိုက်တဲ့ Uber

13542494-0-image-a-8_1557947426010.jpg

လူအများစုက အငှားယာဉ်တွေကို စီးတဲ့အခါမှာ ယာဉ်မောင်းနဲ့ စကားတွေအများကြီး ပြောစရာမလိုဘဲ ကားကို တိတ်ဆိတ်စွာနဲ့ စီးချင်ကြပါတယ်။ ဒါကို နားလည်တဲ့ အူဘာ (Uber) ကတော့ ခရီးသည်တွေကို ယာဉ်မောင်းနဲ့ စကားတွေ များများစားစား ပြောစရာမလိုဖို့အတွက် “တိတ်ဆိတ်မှုစနစ် – Quiet Mode” ကို မိတ်ဆက်လိုက်ပါပြီ။ ဒါပေမယ့် “တိတ်ဆိတ်မှုစနစ်” က အူဘာကားတိုင်းမှာ ရတာ မဟုတ်ဘဲ အူဘာဇိမ်ခံကားတွေမှာပဲ ရတာပါ။

ခရီးသည်တွေဟာ “တိတ်ဆိတ်မှုစနစ်” ပါတဲ့ အူဘာအငှားကားတွေကို စီးချင်တယ်ဆိုရင် ကားခအနည်းငယ် ပိုပေးဖို့ လိုပါတယ်။ “Uber Black” နဲ့ “Uber Black Suv” စတဲ့ နဂိုထက် အဆင့် ပိုမြင့်တဲ့ အငှားကားတွေမှာပဲ “တိတ်ဆိတ်မှုစနစ်” ကို အသုံးပြုထားပါတယ်။ တိတ်ဆိတ်မှုစနစ် ပါတဲ့ အူဘာအငှားကားကို စီးတဲ့သူတွေဟာ ကိုယ်သွားချင်တဲ့နေရာ သွားနေစဉ် အနှောင့်ယှက်မရှိဘဲ သီချင်းနားထောင်နိုင်သလို ခဏအိပ်လို့လည်း ရပါတယ်။

တိတ်ဆိတ်မှုစနစ်ကို သုံးချင်တယ်ဆိုရင်တော့ “Uber Black” ဒါမှမဟုတ် “Uber Black Suv” အငှားကားကို စီးမှရပါမယ်၊ သွားချင်တဲ့နေရာကို ရွေးချယ်ပြီးတဲ့အခါ ဘယ်လိုစီးချင်လဲဆိုတဲ့ “Ride Preferences” ဆိုတာနှိပ်ရပါမယ်၊ “Ride Preferences” ကို နှိပ်ရင် “စကားပြောမယ်” ဆိုတဲ့ “Conversation” ကို ရောက်သွားပါတယ်၊ “Conversation” မှာ “Quite Mode” ကို ရွေးပြီး “Request Send Back” ကို နှိပ်ပြီးရင် အေးဆေးစီးလို့ရပါပြီ။

ဒါပေမဲ့ Uber Black အငှားကားကို စီးတဲ့သူတွေက စည်းကမ်းမလိုက်နာနိုင်ရင် ဒဏ်ရိုက်ခံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် Uber Black အငှားကားကို စီးတဲ့သူတွေက သူတို့ခေါ်တဲ့နေရာကို ကားရောက်လာပြီး ယာဉ်မောင်းက (၅) မိနစ် စောင့်ပေးရတယ်ဆိုရင် ဒဏ်အရိုက်ခံရမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းက ခရီးသည်ကို (၁၅) မိနစ်ထိ စောင့်ပေးခွင့်ရှိပြီး (၁၅) မိနစ် ကျော်သွားတယ်ဆိုရင် ကားငှားတာကို ပြန်ဖျက်ခွင့်ရှိတယ်လို့ သိရပါတယ်။

Ref: DailyMail “Uber launches ‘Quiet Mode’ for passengers who want to keep conversation to a minimum (but it’s only available in luxury rides)”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top