ပထမဆုံးအယ်ဘမ်နဲ့အတူ “Lovesick Girls” MV အသစ် ထွက်ရှိလာခဲ့တဲ့ BLACKPINK

2-1-2020-yyl-016.jpg

ကောင်မလေးချောချော (၄) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ BLACKPINK ကိုရီးယားအဆိုအဖွဲ့က ပြီးခဲ့တဲ့လကမှ ဆယ်လီနာ ဂိုမက်နဲ့အတူသီဆိုထားတဲ့ Ice Cream သီချင်းထွက်ရှိပြီးတဲ့နောက် ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့မှာ သီချင်းအယ်ဘမ်အပြည့်အစုံနဲ့အတူ သီချင်းMV အသစ်ထွက်ရှိလာခဲ့ပါတယ်။

MV အသစ်ပါဝင်တဲ့ “The ALBUM” သီချင်းခွေကလည်း BLACKPINK ပရိသတ်တွေ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတဲ့ သူတို့ရဲ့ပထမဆုံးအယ်ဘမ်ဖြစ်ပါတယ်။ အဲဒီသီချင်းအခွေထဲမှာ ပါဝင်တဲ့ “Lovesick Girls” သီချင်းရဲ့ MV ကိုလည်း ပရိသတ်တွေကြည့်ရှုရအောင် ဒီကနေ့မှာထွက်ရှိပေးခဲ့တာပါ။ သီချင်းခေါင်းစဉ်အတွက် စာသားတွေကို Jisoo နဲ့ Jennie တို့က ရေးသားခဲ့တာပါ။ Jisoo က အချစ်ကြောင့်နာကျင်ရတာနဲ့ပတ်သက်ပြီး စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းတစ်ပုဒ်အဖြစ် ရေးစပ်ထားတာဖြစ်ပါတယ်။ Jennie ကလည်း သီချင်းထုတ်လုပ်ရေးမှာ ပါဝင်ပေးခဲ့ပါတယ်။

ဒီဂျစ်တယ်ဗာရှင်းသီချင်းအခွေနဲ့အတူ ထွက်ရှိလာတဲ့ Lovesick Girls သီချင်းMV မှာ အဖွဲ့ဝင် (၄) ယောက်ရဲ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်ပြထားပါတယ်။ သူတို့ အရင်က ထွက်ရှိခဲ့တဲ့ “How You Like That” နဲ့ “Ice Cream ” MV မှာ ချပြထားတဲ့အရာတွေထက် အဖွဲ့ရဲ့ စိတ်ခံစားချက်ပြင်းထန်မှုတွေကို MV မှာ ပိုပြီးပြသထားပါတယ်။ ဒီကနေ့မှာတော့ ပရိသတ်တွေက”Lovesick Girls” သီချင်း MV ကို ကြည့်လို့ရတဲ့အပြင် ထွက်ရှိပြီးသား သီချင်း (၃) ပုဒ်ပါဝင်တဲ့ “The ALBUM” အခွေထဲက သီချင်းတွေကိုလည်း အွန်လိုင်းကနေ နားထောင်လို့ရနေပါပြီ။ “The ALBUM” အခွေကတော့ အောက်တိုဘာ (၆) ရက်နေ့မှ ပရိသတ်လက်ထဲကို ရောက်ရှိမှာဖြစ်ပါတယ်။

BLACKPINK ပရိသတ်တွေ “Lovesick Girls” MV အသစ်ကို ကြည့်ရှုလို့ရအောင် အောက်မှာ တင်ပေးလိုက်ပါတယ်နော်..။

Ref: Soompi “BLACKPINK Makes Epic Comeback With Powerful “Lovesick Girls” MV”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top