“Dynamite” သီချင်းနဲ့ (၂၄) နာရီအတွင်း ကြည့်ရှုသူ သန်း(၁၀၀)ကျော်အောင် စံချိန်ချိုးခဲ့တဲ့ BTS

25-8-2020-yyl-014.jpg

ကိုရီးယားသီချင်းတွေနဲ့ ကမ္ဘာကျော်သွားခဲ့တဲ့၊ ပရိသတ်အင်အားများတဲ့ ကေပေါ့စ်အဖွဲ့ BTS ဟာ နောက်ထပ်သမိုင်းသစ် စိုက်ထူလိုက်ပြန်ပါပြီ။ အင်္ဂလိပ်ဗာရှင်းနဲ့ထွက်ရှိလာတဲ့ သူတို့ရဲ့သီချင်းသစ် Dynamite က YouTube မှာ ၂၄ နာရီအတွင်း ကြည့်ရှုသူ သန်း (၁၀၀) ကျော်ဖြစ်သွားတဲ့အတွက် အကောင်းဆုံး Music Video ဖြစ်လာခဲ့ပါတယ်။

ဒီ Dynamite သီချင်းကို သြဂုတ်လ ၂၁ ရက်နေ့ (သောကြာ) က ထွက်ရှိခဲ့တာဖြစ်ပြီး အဲဒီကတည်းကနေ ကြည့်ရှုသူတွေက တဟုန်ထိုးမြှင့်တတ်လာခဲ့တာပါ။ ထွက်ရှိပြီး ၂၄ နာရီအကြာမှာ “Dynamite” သီချင်းက ကြည့်ရှုသူ (၁၀၁.၁) သန်းကျော်ရှိခဲ့ပါတယ်။ (၂၄) နာရီအတွင်းမှာ မြန်မြန်ဆန်ဆန်ပဲ ကြည့်ရှုသူ သန်း (၁၀၀) ကျော်ရရှိခဲ့တဲ့ Music Video လို့ပြောရမှာပါပဲ။

BTSရဲ့ Dynamite သီချင်းက BLACKPINK အဖွဲ့ရဲ့သီချင်း “How You Like That” (၂၄) နာရီအတွင်းကြည့်ရှုနှုန်းကို သာလွန်သွားခဲ့တာပါ။ ဇွန်လမှာ ထွက်ရှိခဲ့တဲ့ “How You Like That” က (၂၄) နာရီအတွင်းမှာ ကြည့်ရှုသူ (၈၆.၃) သန်းပဲရှိခဲ့ပါတယ်။

“Dynamite” သီချင်းက ဒီကနေ့မနက်ခင်းထိ ကြည့်ရှုသူ သန်း (၁၉၀) ကျော်ရှိနေပါပြီ။ “Dynamite” သီချင်းက အင်္ဂလိပ်လိုဆိုထားတဲ့ BTSရဲ့ ပထမဆုံးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ (၄) မိနစ်နီးပါးစာ ဒီဗီဒီယိုမှာ Retro အယူအဆပေါ်အခြေခံထားတဲ့ အသုံးအဆောင်တွေ၊ ဆံပင်စတိုင်၊ ဝတ်စုံတွေနဲ့ BTSအဖွဲ့ဝင် (၅) ဦးကို မြူးမြူးကြွကြွမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref: CNN “BTS video ‘Dynamite’ breaks YouTube record for most views in 24 hours”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top