စိတ်မကျေပွဲ ထိုးခွင့်ရရင် မေဝယ်သာကို အနိုင်ယူပြမယ်လို့ ကာနယ်လိုအယ်ဗာရက်ဇ် ပြော

carnalo.jpg

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ စိတ်မကျေပွဲ ထိုးသတ်ခွင့်ရရင် ရှုံးကြွေးပြန်ဆပ်နိုင်မယ်လို့ ယုံကြည်ကြောင်း မက္ကဆီကိုလက်ဝှေ့သမား ကာနယ်လိုအယ်ဗာရက်ဇ်က ပြောပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့ ကာနယ်လိုအယ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲနှစ် နိုဝင်ဘာလက လက်စ်ဗီးဂတ်စ်မြို့မှာ ရုရှားလက်ဝှေ့သမား ဆာဂိုင်ကိုဗာလက်ဗ်ကို အနိုင်ယူပြီး ဝိတ်တန်း ၄ တန်းရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူပါ။ တကယ်လို့ မေဝယ်သာနဲ့ စိတ်မကျေပွဲ ထိုးဖြစ်ရင် ပထမပွဲစဉ်နဲ့ လုံးတူမှာမဟုတ်ဘူးလို့ အယ်ဗာရက်ဇ်က ပြောပါတယ်။ ” အခုတော့ မတူတော့ပါဘူး။ ကျွန်တော်လည်း အရင်နဲ့မတူတဲ့ ဖိုက်တာတစ်ယောက် ဖြစ်နေပါပြီ။ မေဝယ်သာကလည်း ကောင်းနေဆဲပဲလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အရင်နဲ့မတူတော့လို့ မတူခြားနားတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ”လို့ အယ်ဗာရက်ဇ်က ပြောပါတယ်။

မေဝယ်သာဟာ ၂၀၁၃ ခုနှစ်က အယ်ဗာရက်ဇ်ကို လက်စွမ်းပြပြီး အမှတ်နဲ့ အနိုင်ယူခဲ့သူပါ။ အယ်ဗာရက်ဇ်ဟာ ပရော်ဖက်ရှင်နယ်ပွဲစဉ် ၅၆ ပွဲ ထိုးသတ်ရာမှာ ၅၃ ပွဲ အနိုင်ရပြီး ၂ ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top