အီဂျစ်နိုင်ငံမှာ ရှေးဟောင်းအခေါင်း ၂၀ ကျော် တွေ့ရှိ

yyl-18-009.jpg

အီဂျစ်နိုင်ငံက ရှေးဟောင်းပညာရှင်တွေဟာ လူဇွာမြို့အနီးကနေ ရှေးဟောင်းသစ်သားအခေါင်း ၂၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ဆေးရောင်မပြယ်သေးတဲ့ သစ်သားအခေါင်းတွေကို နိုင်းမြစ်အနောက်ဘက်ကမ်းပါးပေါ်မှာရှိတဲ့ အဆာဆစ်မြို့၊ သီဘန်သုဿန်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ သစ်သားအခေါင်းတွေကို ကန့်လန့်ဖြတ်ပုံစံ နှစ်ဆင့်ထပ်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အကြီးမားဆုံးနဲ့ အရေးအပါဆုံး တွေ့ဆုံမှုတစ်ရပ်ဖြစ်တယ်လို့ အီဂျစ်ရှေးဟောင်းဝန်ကြီးဌာနက ပြောပါတယ်။

သစ်သားအခေါင်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို လာမယ့်စနေနေ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ထုတ်ပြန်ပါလိမ့်မယ်။ ဘုရင့်တောင်ကြားအနီးက အဆာဆစ်မြို့မှာ တွေ့ရှိရတဲ့ ဂူသင်္ချိုင်းအများစုဟာ ရှေးဟောင်းအီဂျစ်နိုင်ငံရဲ့ နှောင်းခေတ်ကာလ(ဘီစီ ၆၆၄ ကနေ ဘီစီ ၃၃၂)ဂူသင်္ချိုင်းတွေ ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top