မိခင်စိတ်အပြည့်နဲ့ သူစိမ်းတစ်ယောက်ရဲ့ကလေးကို နို့တိုက်ကျွေးခဲ့ဖူးတဲ့ ဟောလိဝုဒ်မင်းသမီး

5-9-2022-yyl-05.jpg

မိခင်စိတ်အပြည့်နဲ့ သူစိမ်းတစ်ယောက်ရဲ့ကလေးကို နို့တိုက်ကျွေးခဲ့ဖူးတဲ့ ဟောလိဝုဒ်မင်းသမီး

တကယ်ကို ကိုယ်ကျိုးမဖက်ဘဲ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တာနဲ့ အဲဒီလုပ်ရပ်က တစ်သက်လုံး နာမည်ကောင်းကျန်ရစ်နေစေမှာပါ။ ဟောလိဝုဒ်မင်းသမီးတစ်ယောက်ရဲ့မွန်မြတ်တဲ့လုပ်ရပ်ကလည်း နှစ်တော်တော်ကြာပေမဲ့ အခုထိ လူပြောများနေတုန်းပါပဲ။ အဲဒီမင်းသမီးက သူစိမ်းအမျိုးသမီးတစ်ဦးရဲ့နို့ဆာလောင်နေတဲ့ကလေးလေးကို နို့တိုက်ကျွေးခဲ့တဲ့လုပ်ရပ်ပါ။ သူက မက္ကဆီကန်-အမေရိကန်မင်းသမီး၊ ပရိုဂျူဆာ ဆယ်လ်မာ ဟေလက်ခ်ပါပဲ။

မင်းသမီး ဆယ်လ်မာက မင်းသမီးတစ်ယောက်အဖြစ်မဟုတ်ဘဲ လူသားချင်းစာနာထောက်ထားသူတစ်ယောက်အနေနဲ့ အာဖရိကပရဟိတမစ်ရှင်တစ်ခုမှာပါဝင်ရင်း အနောက်အာဖရိကမှာရှိတဲ့ ဆီယာရာလီယွန်နိုင်ငံကို လာရောက်ခဲ့ပါတယ်။ အဲဒီက ဆေးရုံတစ်ခုကို သွားရောက်တဲ့အချိန် ဆယ်လ်မာက နို့ရည်မထွက်တဲ့ မိခင်တစ်ယောက်ကို တွေ့ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက သူ့လည်း (၁) နှစ်သမီးလေးရဲ့မိခင်တစ်ယောက်ဖြစ်တာကြောင့် အဲဒီအမျိုးသမီးရဲ့နို့ဆာလောင်နေတဲ့ (၁) ပတ်သားအရွယ်သားလေးကို နို့တိုက်ကျွေးပေးခဲ့ပါတယ်။ ဘေးမှာ ကင်မရာအဖွဲ့ရှိနေတာတောင် ဂရုမစိုက်နိုင်ဘဲ အဲဒီနေရာမှာပဲ ဆယ်လ်မာက ကလေးလေးကို နို့တိုက်ကျွေးခဲ့တာပါ။

သူစိမ်းအမျိုးသမီးရဲ့ကလေးလေးကို မင်းသမီး ဆယ်လ်မာ ဟေလက်ခ်နို့တိုက်ကျွေးခဲ့စဉ်က

သူစိမ်းအမျိုးသမီးရဲ့ကလေးကို နို့တိုက်ကျွေးခဲ့တဲ့ဖြစ်ရပ်အပြီးမှာ အခြားသူ့ကို နို့တိုက်လိုက်တဲ့အတွက် သူ့ရဲ့သမီးလေးကို သစ္စာမဲ့သလိုများဖြစ်နေမလားဆိုပြီး သူ့ရဲ့ခံစားချက်တွေ ရောထွေးနေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ သူ အခုလိုလုပ်လိုက်တဲ့အတွက် သူ့သမီးလေးက အပြစ်မြင်မှာမဟုတ်ဘဲ သူ့အတွက် အရမ်းဂုဏ်ပြုနေမှာပါတဲ့။

သူ့သမီးလေး ကြီးလာတဲ့အခါ အခြားသူတွေအပေါ် ရက်ရောတတ်တဲ့၊ ဂရုစိုက်တဲ့သူဖြစ်ဖို့လည်း ဆယ်လ်မာက တိုက်တွန်းဖြစ်ပါတယ်။ ဒါဟာ အမေတစ်ယောက်အနေနဲ့ သူ့သမီးလေးကို ပေးနိုင်တဲ့ အကောင်းဆုံးအရာလို့ သူ မှတ်ယူခဲ့ပါတယ်။

သူစိမ်းအမျိုးသမီးရဲ့ကလေးလေးကို မင်းသမီး ဆယ်လ်မာ နို့တိုက်ကျွေးခဲ့တာကတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလတုန်းကပါ။ ကလေးတစ်ယောက်ကို အဲလိုနည်းနဲ့ ကူညီပေးတဲ့လုပ်ရပ်က သူတို့ရဲ့မိသားစုမှာ အစဉ်အလာတစ်ခုလိုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာက မက္ကဆီကန်ရွာလေးတစ်ရွာမှာ ဆယ်လ်မာရဲ့အဘွားက ငိုကြွေးနေတဲ့ မိခင်တစ်ဦးရဲ့ကလေးငယ်လေးတစ်ဦးကို နို့တိုက်ကျွေးခဲ့ဖူးပါတယ်။

Ref: Brightside “Salma Hayek Recalls When She Once Breastfed a Stranger’s Hungry Baby”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top