အစ္စရေးမျိုးဗီဇပညာရှင် ဖန်တီးခဲ့တဲ့ အမွေးမဲ့ ကြက်မျိုးစိတ်သစ်

12.7.23-yyl-3.jpg

အစ္စရေးမျိုးဗီဇပညာရှင်၊ ကြက် သားဖောက်ကျွမ်းကျင်သူ ကာဟာနာက အမွေးမပါတဲ့ ကြက်မျိုးစိတ်သစ်ကို ဖန်တီးခဲ့တာပါ။ ပုံမှန်အားဖြင့် အသားတိုး ကြက်တွေဟာ အပူချိန် လွန်ကဲမှုဒဏ် ခံနိုင်ရည် မရှိကြပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ ကာဟာနာက အမွေးမပါတဲ့ ကြက်မျိုးစိတ်သစ်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အသားတိုး ကြက်တွေဟာ အစာများများ စားပြီး အကောင်ကြီးထွားမှုနှုန်း မြန်တာကြောင့် သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်က တခြားကြက်မျိုးစိတ်တွေနဲ့ယှဉ်ရင် အပူချိန်မြင့်မားသလို တစ်မိနစ်ကို အကြိမ်ရေ ၃၀၀ အထိ နှလုံးခုန်ကြပါတယ်။ နဂိုအပူချိန် မြင့်မားမှုကြောင့် အပူပိုင်းဒေသတွေမှာ အသားတိုး ကြက်တွေ မွေးမြူတဲ့အခါ အအေးခံစနစ်တွေ တပ်ဆင်ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ကာဟာနာက အမွေးမဲ့ ကြက်မျိုးစိတ်သစ်ကို ဖန်တီးခဲ့တာပါ။

သူ့ရဲ့ဖန်တီးမှုဟာ သဘာဝကို လွန်ဆန်ပြီး ကျင့်ဝတ်မညီတဲ့ မျိုးဗီဇပြုပြင်ဖန်တီးမှု ဖြစ်တယ်လို့ စွပ်စွဲနေကြပေမဲ့ အသားတိုးကြက်မျိုးစိတ်ကို လည်ပင်းမွေး မပါတဲ့ ကြက်မျိုးစိတ်နဲ့ မျိုးစပ်ခဲ့တာသာ ဖြစ်တယ်လို့ ကာဟာနာက ပြန်လည်ဖြေရှင်းထားပါတယ်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကတည်းက ဖန်တီးခဲ့တဲ့ အမွေးမဲ့ကြက်မျိုးစိတ်သစ်ဟာ အစာသိပ်ကျွေးစရာမလိုဘဲ ကြီးထွားမှုနှုန်း မြန်ဆန်ပြီး အပူဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။

ဒါပေမဲ့ အမွေးမပါတာကြောင့် ကပ်ပါးပိုး ကူးစက်မှု၊ ခြင်ကိုက်တာ၊ အရေပြားရောဂါ၊ နေလောင်တာ၊ ရာသီဥတု အကူးအပြောင်းဒဏ် ပိုခံရတာဆိုတဲ့ ဆိုးကျိုးသက်ရောက်မှုတွေလည်း ရှိပါတယ်။ အမွေးမဲ့ကြက်တွေရဲ့ ပုံပန်းသဏ္ဍာန်၊ ဟော်မုန်းဆေး အသုံးပြုထားနိုင်ခြေနဲ့ ကျန်းမာရေးထိခိုက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အမွေးမဲ့ကြက်တွေကို စားသုံးသူဈေးကွက်က လက်ခံနိုင်ခြေ မရှိဘူးလို့ Agriallis မဂ္ဂဇင်းရဲ့ လေ့လာဆန်းစစ်မှုမှာ ဖော်ပြထားပါတယ်။

Ref: Ready to Cook – The Controversial World of Featherless Chicken

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top